Shadow တပ်ဖွဲ့က ရဲဘော် ၁၀ ဦး ခက်ခဲကြမ်းတမ်းတဲ့ ကွန်မန်ဒိုသင်တန်းဆင်းလာ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းက Shadow ထုတ်လုပ်ရေးနဲ့လက်နက်ကြီးတပ်ဖွဲ့က ရဲဘော်ဟောင်း ၁၀ ဦးကို အထူးကွန်မန်ဒိုမွမ်းမံသင်တန်းပေးခဲ့တယ်လို့ အဲဒီအဖွဲ့ဆီက သိရပါတယ်။

တလခွဲကြာမြင့်တဲ့ အထူးကွန်မန်ဒိုသင်တန်းမှာ စစ်ရေးပြ၊ သက်လုံလေ့ကျင့်မှုတွေ၊ ချေမှုန်းရေးတွေ၊ လက်နက်ကိုင်ရဲဘော်တွေရဲ့ စစ်စည်းကမ်းနဲ့ကျင့်ဝတ်တွေ၊ လက်နက်ကြီးလက်နက်ငယ်အသုံးပြုပုံတွေကို စာတွေ့နဲ့လက်တွေ့ နှစ်ခုလုံးသင်ကြားပေးခဲ့တာလို့ Shadow ထုတ်လုပ်ရေးနှင့်လက်နက်ကြီးတပ်ဖွဲ့ ရဲဘော်လှကြီးက ပြောပါတယ်။

အဲဒီသင်တန်းမှာ ERO သင်တန်းဆင်းရဲဘော်တွေက သင်တန်းပို့ချပေးတာခဲ့တာဖြစ်ပြီး သင်တန်းဆင်းပွဲကိုတော့ ဇွန် ၁၀ ရက်က ပြုလုပ်ခဲ့ပါတယ်။ 

တပ်ဖွဲ့တွင်း ရံပုံငွေနည်းပါးတာကြောင့် လက်နက်နဲ့ ယူနီဖောင်း၊ ကျည်ကာဝတ်စုံ၊ ကျည်ကာဦးထုပ်တွေကို သင်တန်းဆင်းရဲဘော်တွေအတွက် အပြည့်အဝမပေးနိုင်ဘူးလို့ ရဲဘော်လှကြီး က ပြောပါတယ်။

ဒါ့အပြင် ထောက်ပံ့မှုအားနည်းတာနဲ့ ငွေပေးဝယ်ရာမှာကုန်ကြမ်းရရှိမှု ခက်ခဲနေတာတွေကြောင့်လည်း ထုတ်လုပ်မှုပိုင်းတွေကို ယာယီရပ်ဆိုင်းထားရတယ်လို့ သူကဆက်ပြောပါတယ်။

Shadow ထုတ်လုပ်ရေးနှင့်လက်နက်ကြီးတပ်ဖွဲ့ကို ၂၀၂၁ ခုနှစ် ၆ လပိုင်း ၂၆ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး ၃ နှစ်တာကာလအတွင်း တိုက်ပွဲပေါင်း ၆၀ ခန့်တိုက်ပွဲဝင်ခဲ့ကာ ဒီလပိုင်းတွေမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားလို့ စစ်ကောင်စီစစ်သား ၈၀ ကျော်သေဆုံးကာ ရဲဘော် ၄ ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #Shadowထုတ်လုပ်ရေးနှင့်လက်နက်ကြီးတပ်ဖွဲ့ #ကွန်မန်ဒိုသင်တန်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10