USA ရောက်မွေးနေ့ရှင်တဦးက စစ်ဘေးရှောင် ၃၀၀ ကျော်ကို ထမင်းတနပ်စာလှူ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်းက စစ်ဘေးရှောင် ၃၀၀ ကျော်ကို USA ရောက် မိသားစုတစုကနေ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ဩဂုတ် ၄ ရက်မှာ ထမင်းတနပ် အလှူပေးခဲ့တယ်လို့ ကောလင်း ပြည်သူမှပြည်သူသို့အဖွဲ့ဆီက သိရပါတယ်။

USA မှာရောက်မှာတဲ့ ဦးသူရိန်၊ ဒေါ်ဝတ်ရည်တို့ရဲ့သား မောင်ကောင်းခန့်နောင် (ခ) Ethan Zhu ရဲ့ ၁၀ နှစ်ပြည့်မွေးနေ့မှာ ကျပ် ၁၀ သိန်းဖိုး ကျွေးမွေးခဲ့တာဖြစ်ပြီး အဲဒီနေ့က စစ်ဘေးရှောင် ၃၀၀ ကျော်အတွက် စုစုပေါင်း ၁၇ သိန်းကျော် ကုန်ကျခဲ့တယ်လို့  ပြည်သူမှပြည်သူသို့အဖွဲ့ တာဝန်ခံ ကိုသဲကြီးက ပြောပါတယ်။

ကောလင်းမြို့ပေါ်မှာ တိုက်ပွဲတွေဖြစ်ပြီးနောက်ပိုင်း ကောလင်းမြို့ခံတွေနဲ့ သံပုရာကုန်းရွာ၊ မင်းကုန်းရွာ၊ ဖန်ခါးကုန်းရွာ၊ ပန်းတည်ရွာတွေက ဒေသခံအများစုက လာရောက်စစ်ရှောင်ကြတာလို့ သိရပါတယ်။ လက်ရှိအဲဒီရွာတွေမှာ စစ်ကောင်စီတပ်သားတွေ ရှိနေသေးလို့ နေရပ်ကို မပြန်ရဲကြသေးဘူးလို့ ကောလင်း ပြည်သူမှပြည်သူသို့အဖွဲ့တာဝန်ရှိသူထဲက အမျိုးသမီးတဦးက ပြောပါတယ်။

လက်ရှိကောလင်းမြို့နယ်တဝိုက်မှာ တိုက်ပွဲတွေ မကြာခဏဖြစ်နေသလို စစ်ရှောင်တွေနေရပ်မပြန်နိုင်လို့ အဖွဲ့ ရံပုံငွေထဲကပဲ နေရေးစားရေးအတွက် ကူညီပေးနေရပြီး ပြန်တွင်းအလှူရှင်တွေ မရှိတာကြောင့် ပြည်ပအလှူရှင်တွေကိုသာ ရှာဖွေနေရတယ်လို့  တာဝန်ခံ ကိုသဲကြီးက ပြောပါတယ်။

စစ်ဘေးရှောင် ပြည်သူတွေဟာ အလှူရှင်တွေမရှိတဲ့ အချိန်ဆိုရင် တချို့က ဗူးခွံကောက်ရောင်းတာ၊ ခြင်းတောင်းယက်လုပ်တာတွေ လုပ်ကိုင်စားသောက်နေကြပြီး စားဝတ်နေရေး အခက်အခဲတွေ ကြုံနေရတယ်လို့ သိရပါတယ်။အဲ့ဒီ စစ်ရှောင်တွေထဲက အများစုဟာ အိမ်မီးရှို့ခံထားရသူတွေ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်း #ကောလင်း #စစ်ရှောင် #မွေးနေ့အလှူ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10