YDF ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁၃ သင်တန်းဆင်းပွဲ

YDF ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁၃ သင်တန်းဆင်းပွဲ

မကွေးတိုင်း၊ ယောကာကွယ်ရေးတပ် - YDF ရဲ့ တပ်ရင်းဌာနချုပ်မှာ နိုဝင်ဘာ ၁၂ ရက် ဒီကနေ့မနက်ပိုင်းကအပတ်စဉ် ၁၃ အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၂ ရက်က စတင်သင်ကြားပေးခဲ့တာဖြစ်ပြီး သင်တန်းကာလ ၄ လကြာမြင့်ခဲ့ကာ သင်တန်းအတွင်းမှာ ရဲဘော်တွေကို လက်နက်အဖြုတ်အတပ်၊ တကိုယ်ရည်ကြံ့ခိုင်မှု၊ လက်ရုံးရည် နှလုံးရည်ရှိဖို့နဲ့ တိုက်ခိုက်ရေးအခြေခံတွေကို ဘာသာရပ်အလိုက် သင်ပြနိုင်ခဲ့တယ်လို့ ယောကာကွယ်ရေးတပ် - YDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။


အပတ်စဉ် ၁၃ အခြေခံစစ်ပညာသင်တန်းဆင်းပြီးပြီဆိုတော့ ရဲဘော်တွေလည်း တိုက်ပွဲဝင်ဖို့ အဆင်သင့်အနေအထားဖြစ်နေပြီး သက်ဆိုင်ရာတာဝန်ကျတဲ့ နေရာတွေကိုသွားပြီး ရှေ့တန်းမှာတာဝန်ထမ်းဆောင်ကြတော့မှာပါ လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ 

သင်တန်းသား ၉၃ ဦးမှာ ၉၀ ဦးသာ သင်တန်းပြီးဆုံးတဲ့အထိ တက်ရောက်နိုင်ခဲ့ပြီး ကျန် ၃ ဦးက ကျန်းမာရေးမကောင်းတဲ့အတွက် အဆုံးထိ မတက်ရောက်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ 


သင်တန်းသားတွေကို လက်ဖြောင့်ဆု၊ အောင်စစ်သည်ဆု၊ ဇွဲဆု၊ စစ်ရေးပြဆု၊ တပ်စုအကောင်းဆုံးဆု၊ တပ်စိတ်အကောင်းဆုံးဆုနဲ့ ကျန်းမာရေးအကောင်းဆုံးဆုတို့ကို ချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း  

#မြေလတ်အသံ  

#မကွေး #ယော #YDF #သင်တန်းဆင်း #အပတ်စဥ်၁၃ #သတင်း #မြေလတ်သတင်း

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10