သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အခြေစိုက် မြင်းခြံခရိုင်တပ်ရင်း ၇ Zero ပြောက်ကျားတပ်ဖွဲ့ရဲ့ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲကို ဖေဖော်ဝါရီ ၁၆ ရက် မနက် ၉ နာရီက မန္တလေးတိုင်းထဲမှာ ပြုလုပ်ခဲ့ပြီး တဆက်တည်းမှာပဲ သင်တန်းဆင်းတပ်ဖွဲ့ဝင်တွေကို ယူနီဖောင်းတွေတပ်ဆင်ပေးခဲ့ပါတယ်။
အဲ့ဒီအခြေခံစစ်သင်တန်းကို ၂၀၂၄ နိုဝင်ဘာလ ၁၆ ရက်ကစတင်ခဲ့တာဖြစ်ပြီး သင်တန်းပြီးဆုံးတဲ့နေ့ ဖေဖော်ဝါရီ ၁၆ ရက်မှာပဲ သင်တန်းဆင်းပွဲကိုပြုလုပ်ခဲ့တာလို့ မြင်းခြံခရိုင်တပ်ရင်း ၇ Zero ပြောက်ကျားတပ်ဖွဲ့တပ်ရင်းမှူး ဗိုလ်သက်ကြီးက ပြောပါတယ်။
အခြေခံစစ်သင်တန်းကို တိုင်းနဲ့ပြည်နယ် ၈ ခုခန့်က ဝင်ရောက်လာကြတဲ့ သင်တန်းသားအသစ် ၃၀ ပါဝင်တက်ရောက်ခဲ့ပြီး သင်တန်းဆင်းပွဲနေ့မှာပဲ ယူနီဖောင်း အထည် ၃၀ တပ်ဆင်ပေးခဲ့တယ်လို့ ပြောပါတယ်။
ယူနီဖောင်းတပ်ဆင်ရာမှာ တပ်ဖွဲ့ဝင် ၃၀ ဦးအတွက် ကျပ်သိန်း ၁၀၀ ကုန်ကျခဲ့ကာ ဒီငွေတွေကိုတော့ တပ်ရင်း ရန်ပုံငွေနဲ့ ဝယ်ယူခဲ့တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ မေလ ၂၁ ရက်ကလည်း Zero ပြောက်ကျားတပ်ဖွဲ့ - မြင်းခြံခရိုင်တပ်ရင်း ၇ က ရဲဘော်တွေကို မွန်းမံသင်တန်းပေးပြီး ယူနီဖောင်းနဲ့ လက်နက်တပ်ဆင်ပေးခဲ့ပါသေးတယ်။
တည်းဖြတ် - HP
#မြေလတ်အသံ
#မန္တလေး #မြင်းခြံ #အခြေခံစစ်ပညာသင်တန်း #သင်တန်းဆင်းပွဲ
Share Share Share