Zeroပြောက်ကျားတပ်မဟာက ၃ နှစ်ဆက်တိုက် သီတင်းကျွတ်ဆရာကန်တော့ပွဲ လုပ်နိုင်ခဲ့

Zeroပြောက်ကျားတပ်မဟာက ၃ နှစ်ဆက်တိုက် သီတင်းကျွတ်ဆရာကန်တော့ပွဲ လုပ်နိုင်ခဲ့

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းမှာ သီးတင်းကျွတ်လပြည့်နေ့က ၃ ကြိမ်မြောက်ဆရာကန်တော့ပွဲ ပြုလုပ်ဖြစ်ခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း ၇ (Zeroပြောက်ကျားတပ်မဟာ)ဆီက သိရပါတယ်။

တပ်ဖွဲ့တည်ထောင်တဲ့ ၂၀၂၁ခုနှစ်ကတည်းက သီတင်းကျွတ်လပြည့်နေ့တိုင်း တပည့်ရဲဘော်တွေက ကန်တော့ပွဲလုပ်ဖြစ်ခဲ့တာ အခုနှစ်အပါအဝင် ၃နှစ်ဆက်တိုက်ရှိခဲ့ပြီး အခုနှစ်ကတော့ အခမ်းနားဆုံးလုပ်နိုင်ခဲ့တာဖြစ်တယ်လို့ Zeroပြောက်ကျားတပ်မဟာ တပ်ရင်းမှူးက ပြောပါတယ်။

"ကျနော်လည်း ဒီနှစ်က သီချင်းဆိုဖြစ်တယ်။ ကျနော့်အဖွဲ့ထဲက ရဲဘော် ၂ ဦးကလည်း ဦးရွှေရိုးနဲ့ ဒေါ်မိုးကတာရယ် ကျဆုံးရဲဘော်တွေကို အလေးပြုတာတွေ ဧည့်ခံကျွေးမွေးတာနဲ့ အစီအစဉ်ပေါင်းစုံ လုပ်နိုင်ခဲ့ပါတယ်။" လို့ ခရိုင်တပ်ရင်းမှူး ဗိုလ်သက်ကြီးက ပြောပါတယ်။

သီတင်းကျွတ်လပြည့်နေ့မှာ တပ်မဟာအနီးနားက ဒေသခံပြည်သူတွေလည်း တက်ရောက်ခဲ့ပြီး အခမ်းအနားကို ညနေ ၆ နာရီကနေစပြီး ၉ နာရီခွဲ ဝန်းကျင်မှာ ပြီးဆုံးခဲ့တယ်လို့ ဆိုပါတယ်။

"နယ်မြေခံတွေက စုပေါင်းပြီးတော့ ဝက် ၁ ကောင်လှူပါတယ်။ ဝက်ကိုကင်ပြီးတော့ ဝက်နံကင်ကို အချဉ်ရည်နဲ့ကျွေးတာမျိုး လုပ်ပါတယ်။ ကြက်လည်း အချိန် ၁၀ လောက်လာလှူကြပါတယ်။ ကျနော်တို့အဖွဲ့အနေနဲ့ မာလာရှမ်းကောချက်ပြီးတော့ ပြန်လည်ဧည့်ခံခဲ့ပါတယ်" လို့ ဗိုလ်သက်ကြီးက ပြောပါတယ်။

စာတည်း - ဇို

#မြေလတ်အသံ

#သတင်း #မြေလတ်သတင်း #Zeroပြောက်ကျားတပ်မဟာ #ဗိုလ်သက်ကြီး #ဆရာကန်တော့ပွဲ #ဧည့်ခံပွဲ #သတင်းကျွတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10