Zero ပြောက်ကျားတပ်မဟာရဲ့ တပ်ဖွဲ့ဝင်အသစ်တွေကို KIA၊ KNU သင်တန်းဆင်းတွေက သင်တန်းပို့ချ (ရုပ်/သံ)

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အတည်ပြုပြဌာန်းလိုက်ပြီးနောက် စစ်မှုမထမ်းလိုတဲ့သူတွေဟာ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ - မြင်းခြံခရိုင် အဖွဲ့ဆီကို ရောက်ရှိလာနေတယ်လို့ သိရပါတယ်။

အဖွဲ့ထဲရောက်လာကြတဲ့ သူတွေထဲမှာ ရန်ကုန်၊ ပဲခူး၊ နေပြည်တော်နဲ့ မန္တလေးစတဲ့မြို့တွေအပါအဝင် နယ်ပေါင်းစုံကနေ လာကြတာလို့  မြင်းခြံခရိုင် Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇  တပ်ရင်းမှူးဗိုလ်သက်ကြီးက ပြောပါတယ်။ 

စစ်ကောင်စီအောက် မဝင်ချင်တဲ့သူတွေဟာ အဖွဲ့ထဲကိုဝင်ဖို့ နည်းမျိုးစုံနဲ့ ဆက်သွယ်ခဲ့ကြပေမယ့် လမ်းခရီးမှာအန္တရာယ်ကြုံရနိုင်တာကြောင့်  အဖွဲ့ကသေချာချိတ်ဆက်ပြီးမှ တပတ်ကို ၁ ယောက် ၂ ယောက်သာ လက်ခံတာလို့ သူကဆက်ပြောပါတယ်။

လတ်တလောမှာတော့ Zero ပြောက်ကျားတပ်မဟာထဲကို ရောက်လာကြတဲ့ တပ်သားသစ် ၁၅ ဦးကို  KIA၊ KNU သင်တန်းဆင်းတွေက ဦးစီးပြီး ပထမအသုတ်အနေနဲ့ အခြေခံစစ်ပညာသင်တန်းကို ပို့ချပေးနေကာ သေနတ်ကိုင်အဆင့်အထိ လေ့ကျင့်နေပြီလို့ သိရပါတယ်။ 

သင်တန်းသားတွေထဲက အများစုဟာ တော်လှန်ရေးအစကတည်းက PDF ထဲကို ဝင်လိုကြပေမယ့် မိဘတွေက ခွင့်မပြုတာနဲ့ အဖွဲ့ထဲကိုလာဖို့ အခက်အခဲတွေရှိနေလို့ ရောက်မလာနိုင်ခဲ့ကြတာလို့ သိရပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေ ထုတ်ပြန်လိုက်ပြီးတဲ့နောက် စစ်မှုမထမ်းလိုတဲ့ သူတွေဟာ စစ်ကိုင်း၊ မကွေး၊ အညာဒေသမှာ အခြေစိုက်ထားတဲ့ ကာကွယ်ရေးတပ်ရင်း တပ်ဖွဲ့တွေဆီ နေ့စဉ်လိုလို ဝင်ရောက်လာနေကြတာလည်း ဖြစ်ပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်း #စစ်မှုထမ်းဥပဒေ #တပ်သားသစ် #Zeroပြောက်ကျားတပ်မဟာ #စစ်သင်တန်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10