Zero ပြောက်ကျားတပ်ရဲ့ ဇာတိမြေကမ်ပိန်း ပြုလုပ် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အခြေစိုက် Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ - မြင်းခြံခရိုင်အနေနဲ့ မြင်းခြံခရိုင်ထဲမှာ တိုက်ပွဲတွေဆင်နွှဲကာ ဇာတိမြေပြန်ဖို့အတွက် ဇာတိမြေကမ်ပိန်းပြုလုပ်နေတယ်လို့ အဲ့ဒီတပ်ရင်းရဲ့ တပ်ရင်းမှူး ဗိုလ်သက်ကြီးက ပြောပါတယ်။

ဇာတိမြေကမ်ပိန်းကို ဩဂုတ် ၂၅ ရက်မှာစတင်ခဲ့ပြီး ကမ်ပိန်းကာလ ၄၅ ရက်သတ်မှတ်ထားကာ ကျည် ၁၀၀၀၀၊ ကျပ်သိန်း ၈၀၀ ရရှိဖို့ ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။

ကမ်းပိန်းကရရှိလာတဲ့ ပြည်သူလူထုရဲ့ထောက်ပို့ငွေတွေကို Zero ပြောက်ကျားတပ်မဟာရဲ့ စစ်ရေး အသုံးစရိတ်တွေမှာ စနစ်တကျအသုံးပြုမှာဖြစ်ပြီး တပ်ရင်းရဲ့ဇာတိမြေဖြစ်တဲ့ မြင်းခြံခရိုင်အတွင်းမှာ စစ်ရေးလှုပ်ရှားမှုနဲ့ တိုက်ပွဲတွေဖော်ဆောင်သွားမယ်လို့လည်း တပ်ရင်းမှူး ဗိုလ်သက်ကြီးက ပြောပါတယ်။

ဒါ့အပြင် ဇာတိမြေကမ်ပိန်းကို ပါဝင်ထောက်ပို့လိုသူတွေအနေနဲ့ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ - မြင်းခြံခရိုင် တပ်ရင်းမှူး ဗိုလ်သက်ကြီးရဲ့ “ကိုသက်ကြီး”ဆိုတဲ့ လူမှုကွန်ယက်အကောင့်ကနေ ဆက်သွယ်ကာ ပါဝင်ကူညီနိုင်တယ်လို့လည်း ဆိုပါတယ်။

Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ - မြင်းခြံခရိုင်တပ်ဖွဲ့ဟာ စစ်ကိုင်း၊ မန္တလေးနဲ့ မြင်းခြံမြို့နယ်တွေမှာ စစ်ကောင်စီကိုတော်လှန်နေတာဖြစ်ပြီး ၂၀၂၁ ခုနှစ် ၄ လပိုင်း ၁၈ ရက်မှာ တပ်ဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ကာ ၂၀၂၅ ခုနှစ် ၄ လပိုင်း ၁၈ ရက်မှာဆိုရင် ၄ နှစ်ပြည့်တော့မှာဖြစ်ပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#မြင်းခြံ #မြင်းခြံခရိုင်တပ်ရင်း၇ #ဇာတိမြေကမ်ပိန်း #ဗိုလ်သက်ကြီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10