သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ အင်းဝိုင်းရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ ၁၃ နှစ်အရွယ်ကလေး ၁ ဦး၊ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၃ ဦး စုစုပေါင်း ပြည်သူ ၆ ဦးကို ဖမ်းဆီးသတ်ဖြတ်သွားပြီး ပျောက်ဆုံးနေသူတွေလည်းရှိတယ်လို့ ဒေသခံတွေနဲ့ မြေပြင်ရဲဘော်တွေဆီက သိရပါတယ်။
မေ ၁၇ ရက် မနေ့ မနက် ၅ နာရီမှာ စစ်ကောင်စီစစ်ကြောင်း အင်အား ၁၅၀ ဝန်းကျင်နဲ့ အင်းဝိုင်းရွာကို ရုတ်တရက်ဝင်စီးနင်းကာ ရွာသားတွေကို ဖမ်းဆီးခဲ့တာဖြစ်ပြီး စစ်ကြောင်းထွက်ခွာသွားချိန်မှာတော့ ပြည်သူ ၆ ဦးကို သတ်ဖြတ်ထားခဲ့တာလို့ ဆိုပါတယ်။
“ အင်းဝိုင်းက အေးဆေးနေတဲ့ရွာ မထင်မှတ်ဘဲ ဝင်စီးခံရတာ။ ရွာထဲကိုဝင် ပေါ်တာဆွဲပြီး ကတုတ်ကျင်းတွေ တူးခိုင်းတယ်။ အဲ့ရွာကို ခြေကုတ်ဝင်ယူတဲ့သဘောပေါ့။ ပြည်သူတွေကို ရက်ရက်စက်စက် သတ်သွားတယ်။ တချို့ မီးရှို့သတ်ထားတဲ့ဟာတွေတောင်မှ ရှိမယ်”လို့ ဖောင်းပြင်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်လို့ အင်းဝိုင်းရွာသားတွေဖြစ်တဲ့ အသက် ၁၃ နှစ်အရွယ် မောင်စိုးထက်ဦး၊ ဦးသန်းလှ၊ ဦးသံလုံး၊ ဒေါ်လှသိန်း၊ ဒေါ်ခင်စန်းအေး၊ ဒေါ်ဇာဇာမြင့်တို့ သေဆုံးခဲ့ပြီး ဒေါချိုဇင်လင်းနဲ့ ဒေါ်အဲစန်တို့ ၂ ဦးကတော့ လက်ရှိအထိ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ အင်းဝိုင်းရွာဟာ မေ ၁၁ ရက်က ကာကွယ်ရေးတပ်ဖွဲ့တွေသိမ်းပိုက်လိုက်တဲ့ ဟာပါ၊ ဆိတ်ဆား၊ ညောင်ကုန်းစတဲ့ ပျူစောထီးရွာတွေနဲ့ အနီးဆုံးမှာတည်ရှိနေတဲ့ရွာ ဖြစ်တယ်လို့လည်း သိရပါတယ်။
မေ ၁၁ ရက်မှာ ဖောင်းပြင်မြို့နယ်၊ ဆည်ချောင်း၊ ဟာပါ၊ ဆိတ်ဆား၊ ညောင်ကုန်းစတဲ့ကျေးရွာ ပျူစောထီးစခန်း ၄ ခုကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကသိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်က စစ်ကြောင်းမှူးအပါအဝင် ၈ ဦးသေဆုံးခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ အင်ဝိုင်းရွာကို အခုလိုဝင်ရောက်ပြီး သတ်ဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#စစ်ကိုင်း #ဖောင်းပြင် #အင်းဝိုင်းရွာ #စစ်တပ် #အရပ်သား #သတ်ဖြတ်
Share Share Share