မြေလတ်သတင်းစကား

ပျူဘုန်းကြီးဝါသဝ လက်အောက်ပျူစခန်း တိုက်ခိုက်ခံရပြီး ၁၀ဦးထက်မနည်းသေလို့ လေကြောင်း ပစ်ကူနဲ့တိုက်ခိုက် တဲ့သတင်းအပါ တပတ်အတွင်းသတင်းများ

စစ်ရှောင်တွေကျန်ခဲ့တဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို တိုက်ပွဲတဖက်နဲ့ PDFက စောင့်ရှောက်ပေးထားတဲ့ သတင်း၊ ကရင်နီတိုက်ပွဲမှာ မင်းလှ ခလရ ၁ က ဗိုလ်ကြီး ၁ ဦးအပါ ၅ ဦးသေ၊တပ်ရင်းမှူး ထွက်ပြေးလို့ ဖမ်းဆီးစစ်ဆေးခံနေရတဲ့သတင်း၊ မင်းလှမြို့နယ် ရိုးမဖြတ်လမ်းသွားလာခွင့်ကို စစ်ကောင်စီကပိတ်ပြီး လာသူတွေကို ဆက်ကြေးကောက်တဲ့သတင်းအပါအဝင် အခြားသတင်းတွေကို နားဆင်နိုင်ပါပြီ။

တောင်ငူထောင်ကနေ ထွက်ပြေးလွတ်မြောက်လာသူ ၉ဦး PDFတပ်ရင်းတွေမှာ ပြန်လည်တာဝန် ထမ်းဆောင်မယ့်သတင်းအပါ တပတ်အတွင်းသတင်းများ

ဓားစာခံအဖြစ် ဖမ်းဆီးခံရတဲ့ လှတောရွာသား ၁၅ ဦးအနက် ၃ ဦး ထွက်ပြေးလွတ်မြောက်တဲ့သတင်း၊ ဆားတောင်မြို့မရဲစခန်း စီးနင်းခံရလို့ စစ်အုပ်စုဘက်က အရာရှိတဦးအပါအဝင် ၁၂ ဦးသေဆုံးတဲ့သတင်း၊ ဝမ်ပေါင်ဂိတ်က ကင်းသမားတွေပစ်ခံရလို့ ၃ဦးသေ ၅ဦးဒဏ်ရာရတဲ့သတင်းအပါအဝင် အခြားသတင်းတွေကို နားဆင်နိုင်ပါပြီ။

သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ထောင်အနှစ် ၂၀ ထပ်ချခံရတဲ့ သတင်းအပါ တပတ်အတွင်းသတင်းများ

တောင်ငူထောင်မှ ထွက်ပြေးနေသူတွေထဲက ၉ ဦး လက်နက်တွေနဲ့အတူ လွတ်မြောက်နယ်မြေရောက်ရှိတဲ့သတင်း၊ ဟုမ္မလင်း ၂ ရက်တာတိုက်ပွဲမှာ အထိနာသွားတဲ့ စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲပြီး ဆုတ်ခွာတဲ့သတင်း၊ ယင်းမာပင်နယ်က ၇ ရက်တာတိုက်ပွဲမှာ စစ်အုပ်စုက ၆၀ ဝန်းကျင်နဲ့ PDFဘက်က ၂ဦး သေဆုံးတဲ့သတင်းအပါအဝင် အခြားသတင်းတွေကို နားဆင်နိုင်ပါပြီ။

အင်းတော်အဝင်ဂိတ်မှာ စစ်ကောင်စီက ဓာတ်ပုံနဲ့တိုက်စစ်ပြီး ဖမ်းဆီးမှုတွေပြုလုပ်တဲ့သတင်းအပါ တပတ်အတွင်းသတင်းများ

ကန်းဒေါင့်ရွာနားက စစ်ကောင်စီစခန်းကို PDF က တက်သိမ်းခဲ့ပေမယ့် ကျည်ကုန်လို့ ပြန်လာခဲ့ရတဲ့သတင်း၊ စလင်း၊ သရက်တောရဲစခန်း စီးနင်းတိုက်ခိုက်ခံရလို့ စစ်အုပ်စုဘက်က ၅ ဦးသေဆုံး၊ ၁၁ ဦးဒဏ်ရာရတဲ့သတင်း၊ ကလေးမြို့သပိတ်အဖွဲ့ဝင် ၄ ဦးပါ ဒေသခံ ၈ ဦးကို ထောင်ဒဏ် ၂ နှစ်စီချမှတ်တဲ့သတင်းအပါအဝင် တပတ်အတွင်းသတင်းများကို နားဆင်နိုင်ပါပြီ။

စစ်ကောင်စီလေတပ်နဲ့ ဆက်စပ်နေရာတွေကို တိုက်ခိုက်မယ့် UG အဖွဲ့ တွေကိုဖိတ်ခေါ်တဲ့သတင်းအပါ တပတ်အတွင်းသတင်းများ

သေဆုံးစစ်သားတွေကိုပေးတဲ့ မြေကွက်တွေကို တပ်ရင်းမှူးမိန်းမက ဈေးနှိမ်ဝယ်နေလို့ မကျေမနပ်ဖြစ်နေတဲ့သတင်း၊ ဒေသခံအများအပြားကိုသတ်ပြီးနောက် စစ်ကောင်စီက ပဇီကြီးကို PDF ရွာ‌ဆိုပြီး ဝါဒဖြန့်လာတဲ့သတင်း၊ ထောင်တွင်းတောင်းဆိုမှုတွေ ပြုလုပ်ခဲ့တဲ့ အကျဉ်းသူအပါ အမျိုးသမီး ၄ ဦး ထောင်ပြောင်းရွေ့ခံရတဲ့သတင်း၊ ကနီမှာ လေပြင်းတိုက်ခတ်လို့ ရွာ ၈ ရွာက အိမ်ခြေ ၁၅၀ နီးပါး ပျက်စီးတဲ့သတင်းစတဲ့သတင်းများကို နားဆင်နိုင်ပါပြီ။

ပဇီကြီးကျေးရွာ နောက်ဆုံးရသတင်းအပါအဝင် တပတ်အတွင်းသတင်းများ

ကျေးလက်မြို့ပြ လူထုသပိတ်တိုက်ပွဲ ဖော်ဆောင်နိုင်ရေး ပေါင်းတည်မြို့နယ်ထဲမှာ စည်းရုံးဟောပြောတဲ့သတင်း၊ သွေးကြွေးတောင်းတဲ့အနေနဲ့ စစ်ကောင်စီတပ်ကို ပစ်ခတ်လို့ သေဆုံးမှုများနိုင်တဲ့သတင်း၊ ကြို့ပင်ကောက်မှာ ရက်ပေါင်း၄၀အတွင်း ရေနစ်သေဆုံးသူ ၆ဦးရှိခဲ့တဲ့သတင်း၊ စတဲ့သတင်းများကို နားဆင်နိုင်ပါပြီ။

အင်းတော်တွင် KIA/KPDF နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့်သေဆုံးတဲ့သတင်းအပါ တပတ်အတွင်းသတင်းများ

စစ်ကောင်စီဘက်က အသေအပျောက်များပေမယ့် သတင်းပေါက်ကြားလို့ စခန်းမသိမ်းနိုင်တဲ့သတင်း၊ ကလေးမှာ တပတ်အတွင်း ထိတွေ့မှုတွေကြောင့် PDF ၁ ဦးနဲ့ စစ်သား ၂၀ ဦးခန့်သေဆုံးတဲ့သတင်း၊ PDF နဲ့ဆက်စပ်တယ်ဆိုပြီး နေအိမ်နဲ့အဆာက်အဦးတချို့ကို စစ်ကောင်စီချိတ်ပိတ်တဲ့သတင်း၊ စစ်ကောင်စီကျင်းပမဲ့သင်္ကြန်မှာ မပါဝင်ဖို့ နတ်တလင်း ပကဖ ထုတ်ပြန်တဲ့သတင်းအပါအဝင် တပတ်အတွင်းသတင်းများကို နားဆင်နိုင်ပါပြီ။

စခန်းစီးနင်းခံရလို့ PDF ဒုတပ်ရင်းမှူးဗိုလ်ဆင်ရိုင်းနဲ့ ရဲဘော် ၂ ဦး ဖမ်းဆီးအသတ်ခံရတဲ့သတင်းအပါအဝင် တပတ်အတွင်းသတင်းများ

ဝက်လက်မှာ စစ်တပ်ကခိုင်းနွားတွေကို ပစ်ခတ်စားသောက်နေလို့ နွားရောင်းချသူများပြားလာပြီး နွားဈေးကျဆင်းတဲ့သတင်း၊ မင်းကင်းက ရွှေမျှောဖောင် ၅၀ ကျော် မီးရှို့ခံရပြီး ရွှေမျှောလုပ်သား ၇ ဦး အသတ်ခံရတဲ့သတင်း၊ ထီးချိုင့်မှာ လေယာဥ်နဲ့ဗုံးကြဲခံရလို့ စစ်ရှောင် ၆ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရတဲ့သတင်းအပါအဝင် သတင်းများကိုနားဆင်နိုင်ပါပြီ။

တမူးကနယ်မြေရဲစခန်းစီးနင်းခံရပြီး စခန်းမှူးအပါ ၆ဦးအရှင်ဖမ်းမိတဲ့သတင်းအပါအဝင် တပတ်အတွင်းသတင်းများ

PDF ထောက်ပို့ဆိုပြီးမိသားစုလိုက်ဖမ်းဆီးခံရကာ အသက်မပြည့်သေးတဲ့ သား၊သမီး ၄ ဦး သတင်းပျောက်နေတဲ့သတင်း၊ ၃ လတာအတွင်း စစ်ကောင်စီဘက်က ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ Zero ပြောက်ကျားတပ်ပြောတဲ့သတင်း၊ ဝေါမြို့နယ်ထဲက စစ်ကောင်စီရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့တွေ တပတ်အတွင်း နုတ်ထွက်ဖို့ ပကဖ သတိပေးသတင်းအပါအဝင် သတင်းများနားဆင်လို့ရပါပြီ။

စစ်အုပ်စုကထွက်လမ်းကိုပိတ်ထားလို့ ပခုက္ကူမှာ ဒေသခံ ၈ ထောင်ကျော် ပိတ်မိနေတဲ့သတင်း အပါအဝင်တပတ်အတွင်းသတင်းများ

ပဲခူးမှာ စစ်ကောင်စီကကျင်းပမယ့်ဘုရားပွဲသွားမယ့်ပြည်သူတွေ အညာပြည်သူတွေကိုအားနာဖို့ ပကဖသတိပေးတဲ့သတင်း၊ ကြံ့ခိုင်ရေးပါတီအမာခံရွာက ရွာသားတဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးရိုက်နှက်တဲ့သတင်း၊ PDF တွေဝင်လာမယ့်သတင်းကြောင့် ဝေါဒေသခံတွေကို စစ်အုပ်စုက ဖိအားပေးကင်းစောင့်ခိုင်းတဲ့သတင်းအပါအဝင် သတင်းများနားဆင်လို့ရပါပြီ။

လက်နက်ထောက်ပံ့မှုမရလို့ တိုက်ပွဲတွေရပ်လိုက်တဲ့ ပုလဲဂျိုကာတပ်ဖွဲ့သတင်း အပါအဝင် တပတ်အတွင်းသတင်းများ

မြေလတ်ဒေသအများစုမှာ မိုး၊လေကြီးနိုင်လို့ ဒေသတွင်းစစ်ဘေးရှောင်တွေ စိုးရိမ်နေရတဲ့သတင်း၊ မြောင်နယ်က ကျောင်း ၁၅ ကျောင်းမှာ လေကြောင်းအန္တရာယ်ကာကွယ်ရေး ဟောပြောပွဲပြုလုပ်တဲ့သတင်း၊ မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးမှာ တိုက်ခိုက်ရေးလေယာဥ်ငယ်တွေနဲ့ တိုက်ပွဲဝင်နေတဲ့သတင်း၊

ကမ္ဘာ့အမွေအနှစ် ရှေးဟောင်းပစ္စည်းတွေ ခိုးတူးဖော်နေတဲ့ ဗိုလ်မှူးကို အရေးမယူပဲ လွှတ်ထားပေးတဲ့ သတင်းအပါ တပတ်အတွင်း သတင်းများ

စစ်တပ်ဝင်မွှေပြီး ပြန်ထွက်ချိန်ကျန်နေခဲ့တဲ့ သဖန်းချောက်ကျေးရွာအခြေအနေ၊ ဝေါစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရလို့ ၃ ဦးသေ ၄ ဦး ဒဏ်ရာရတဲ့သတင်း၊ မိုင်းခင်းဖို့ ပြင်နေတဲ့ PDF ရဲဘော် ၂ ဦး စစ်ကောင်စီတပ်နဲ့ တွေ့ပြီး မီးရှို့သတ်ခံရတာ၊ တိုက်ပွဲမှာဖမ်းမိတဲ့ စစ်သားကို NUG စစ်သုံ့ပန်းစည်းမျဉ်းအရ အရေးယူဖို့စီစဉ်၊

ကိုယ်ထူကိုယ်ထ မူလတန်းကျောင်း စာသင်နေချိန်လေကြောင်းနဲ့ပစ်ခံရတဲ့သတင်းအပါအဝင် တပတ်အတွင်းသတင်းများ(Podcast)

ပဲခူးမြို့ပေါ်မှာ လိုင်စင်မဲ့ဆိုင်ကယ်တွေဖမ်းပြီး အမျိုးအစားပေါ်မူတည်ကာ ပိုက်ဆံတောင်းတဲ့သတင်း၊ ခင်ဦးမှာ တရက်တည်း စစ်ရှောင် ၉၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ကြရတဲ့သတင်း၊ လက်နက်ကြီး မတော်တဆမှုကြောင့် PDF ၅ ဦး ထိခိုက်ခဲ့ပြီး ၂ ဦးမှာ လက်ဖြတ်လိုက်ရတဲ့သတင်း၊ စစ်အုပ်စုရဲ့ မီးရှို့ဖျက်ဆီးမှုကို ကာကွယ်ဖို့ ဂန့်ဂေါမှာ မီးဘေးလုံခြုံရေးအဖွဲ့ ဖွဲ့စည်းတဲ့သတင်းတွေကိုပါ နားဆင်ရမှာပါ။

PDFစခန်းစီးနင်းခံရပြီး မင်္ဂလာဆောင်ခါနီး ဇနီးမောင်နှံလည်း အသတ်ခံရတဲ့သတင်းအပါအဝင် တပတ်အတွင်းသတင်း

တောင်တွင်းနဲ့ ကလေးဝနယ်ခြားဖြတ်ကျော် ဆန်၊ စပါးရောင်းချခွင့် ပိတ်ထားတဲ့သတင်း ၊ NUG ကြားကာလ ပညာရေးကျောင်းတကျောင်းမှာ ပထမဆုံးအကြိမ် ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ခဲ့တဲ့သတင်း၊ စစ်ကောင်စီမီးရှို့လို့ အသက် ၇၀ ကျော် သီလရှင်ဆရာကြီးတပါး ပျံလွန်တော်မူတဲ့သတင်း၊ PIA ရဲ့ နောက်သင်တန်းမှာ မကွေးနဲ့ ပဲခူးတိုင်းက လူငယ်တွေလည်း ပါဝင်ဖို့ဖိတ်ခေါ် တဲ့သတင်းတွေကိုပါနားဆင်ရမှာပါ ။

ဦးဝါသဝ အုပ်ချုပ်နေတဲ့ ပျူရွာကို ဝင်တိုက်ပြီး လက်နက်တချို့ပါ သိမ်းတဲ့သတင်းနဲ့ တပတ်အတွင်းသတင်းမျာ:

နတ္တလင်းမှာ ဆိုင်ကယ်မောင်းနှင်ခွင့်ကဒ် တကဒ် ၃၀၀၀ နဲ့လုပ်ခိုင်းနေတဲ့သတင်း၊ ဗုံးဆက်တိုက်ကွဲခဲ့တဲ့ ပဲခူးမှာ လူငယ် ၇ဦး ဖမ်းဆီးခံရတဲ့သတင်း၊ စစ်တပ်မွေးမြူရေးစခန်း ဝင်အစီးခံရလို့ အရာရှိ ၂ဦးအပါ ၇ဦးသေဆုံးပြီး ၃ဦးအရှင်ဖမ်းမိတဲ့သတင်းတွေကိုပါ နားဆင်ရမှာပါ။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10