သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမရွာက ကင်းပတ်ထွက်လာတဲ့ ပျူစောထီးတွေကို PDF ပူးပေါင်းအဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့လို့ ပျူစောထီး ၃ ဦးသေဆုံးကာ သေနတ် ၃ လက်နဲ့ လက်နက်ခဲယမ်းအပါအဝင် ဖုန်း ၂ လုံးပါသိမ်းဆည်းရရှိခဲ့တယ်လို့ 8+အညာမြေတပ်ပေါင်းစု သတင်းပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
နိုဝင်ဘာ ၆ ရက် မနက် ၉ နာရီကျော်က မြိုင်မြို့နယ်၊ တွင်းမကျေးရွာကနေ ကင်းပတ်ထွက်လာတဲ့ ပျူစောထီးတွေထဲက ရှေ့ပြေးကင်းပုန်း ၃ ဦးကို PDF ပူပေါင်းအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာလို့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
"သူတို့ ရွာအရှေ့ဘက်ခေါင်းရင်းကို ထွက်လာတာပေါ့။ ထွက်လာတဲ့အချိန်မှာ ကျနော်တို့က ဒီကောင်တွေအရင်တုန်းထဲကသူတို့ ထွက်နေတာကိုသိတယ်။ အဲ့တော့ကျနော်တို့ 8+အညာမြေတပ်ပေါင်းစုအဖွဲ့ ရှေ့ကစောင့်ကြိုပြီး မနက် ၉ နာရီမှာ တိုက်ပွဲဖြစ်ခဲ့တာ။" လို့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှိုင်းက ပြောပါတယ်။
တိုက်ပွဲအတွင်း သေသွားတဲ့ ပျူစောထီးတွေရဲ့ M-16 ၂ လက်၊ G-3 ၁ လက်၊ ၅.၅၆ ကျည် ၁၈၀ တောင့်၊ G-3 ကျည် ၈၀ တောင့်၊ လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လိုသိရပါတယ်။
တွင်းမကျေးရွာဟာ ၇ ရွာအုပ်စုဖြစ်ပြီး ပျူစောထီးအားကောင်းကာ အာဏာသိမ်းမှုဖြစ်စဥ်အပြီး စစ်သား၊ ရဲတွေနဲ့ ပျူအပါအဝင် အင်းအား ၁၀၀ ကျော်လောက် ကျေးရွာတွင်းက ဘုန်းကြီးကျောင်းမှာ တပ်စွဲနေကြတာလို့လည်း သိရပါတယ်။
တိုက်ခိုက်မှုကို 8+အညာမြေတပ်ပေါင်းစုအဖွဲ့ဝင်များဖြစ်တဲ့ M.V.P Revolution Force၊ အလင်တန်းပြောက်ပျားတပ်ဖွဲ့(မြိုင်)၊ UAV frighter၊ မဟူရာအလင်းတန်းပြောက်ကျား၊ Phoneix. People Diffence Force၊ Scopion People Diffence Force ၊ ဋ္ဌေးအောင်ပြောက်ကျားတပ်ဖွဲ့ နဲ့ ဇာမဏီဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။
စာတည်း - ဈာန်မြင့်
#မြေလတ်အသံ
#မြိုင် #တွင်းမရွာ #ပျူစောထီး #သေဆုံး #တိုက်ပွဲ
Share Share Share