ကင်းပတ်နေတဲ့ ပျူစောထီးအဖွဲ့ ပစ်ခတ်ခံရလို့ ၃ ဦးသေဆုံး(ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်း သစ်ချိုကုန်းရွာက ပျုစောထီးတပ်ဖွဲ့တွေ ကင်းပတ်နေချိန် ပစ်ခတ်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိတယ်လို့ ပေါက်တောင်ပိုင်းကျီးကန်းအဖွဲ့ဆီက သိရပါတယ်။

ဇွန်လ ၂၈ ရက် မနေ့ညနေ ၄ နာရီလောက်မှာ ပျူစောထီးအဖွဲ့ဝင် ၇ ဦးဟာ သစ်ချိုကုန်းရွာပြင်ဘက် ကင်းလှည့်နေတာကို သတင်းရရှိထားတဲ့အတွက် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်ပစ်ခတ်ခဲ့ရာ ပျူစောထီးအဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ 

“အရင်ကတော့ ကျနော်တို့မိုင်းပဲထောင်တာ။ ဒီတခေါက်တော့ ကျနော်တို့သွားပြီး စောင့်ပစ်တာ။ သူတို့ဘက်က ထိခိုက်သေဆုံးတာကို ကျနော်တို့ ကိုယ်တိုင်မြင်ခဲ့တာပါ။ ပစ်ခတ်မှုကြာချိန်ကတော့ နာရီဝက်လောက်ပဲကြာခဲ့ပါတယ်” လို့ ပေါက်တောင်ပိုင်း ကျီးကန်း (ပကဖ) တာဝန်ခံ ကိုကျီးကန်းက မြေလတ်အသံကို ပြောပါတယ်။

ပစ်ခတ်မှုကြောင့် ပျူစောထီးတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးတာကို မြင်ခဲ့ရတယ်လို့ ကိုကျီးကန်းက မြေလတ်အသံကိုပြောဆိုထားပြီး ထိခိုက်သေဆုံး အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ပစ်ခတ်မှုပြီးတဲ့နောက်မှာတော့ သစ်ချိုကုန်းကျေးရွာထဲကနေ လက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ကူပေးခဲ့သလို တောတဲတိုက် ၄ လုံးကိုလည်း ပျူစောထီးတွေက မီးရှို့သွားတယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုကို Pauk Revolution Front (PRF)၊ မြိုင်မြို့နယ်(ပ.က.ဖ)၊ ပခုက္ကူခရိုင်အမှတ် ၁၂တပ်ရင်း YRF၊ ပေါက်တောင်ပိုင်းကျီးကန်းအဖွဲ့ (ပ.က.ဖ) နယ်မြေခံ (ပ.က.ဖ)တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

 

တည်းဖြတ် - ဇို

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10