ကင်းပုန်းဝပ်လာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ဒဏ်ရာရထွက်ပြေး

ကင်းပုန်းဝပ်လာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ဒဏ်ရာရထွက်ပြေး

စစ်ကိုင်းတိုင်း၊ ကနီမြို့မှာ ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဖေဖေါ်ဝါရီလ ၁ ရက် မနေ့မနက်ပိုင်းမှာ ပြောက်ကျားရဲဘော်တွေက လိုက်လံပစ်ခတ်လို့ ထိခိုက်ဒဏ်ရာတွေ ရရှိကာ ထွက်ပြေးသွားကြတယ်လို့ အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် DRPA က သတင်းထုတ်ပြန်ထားပါတယ်။

ကနီမြို့ အဝင်ဆိုင်းဘုတ်အနီးကို စစ်သား ၁၀ ဦးပါ တပ်စိတ်က ကင်းပုန်းဝပ်ရန်လာချိန် မနေ့မနက် ၁၁ နာရီခွဲလောက်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ကျတော်တို့ရဲဘော်တွေ ပစ်တဲ့ 7.62 တတောင့်ထိုး၊ အန္ဒိယကျည်လို့ခေါ်တဲ့ ၉ လုံးကျည်တွေလည်း မှန်တယ်။ ဒဏ်ရာ ရသွားတာတို့ ခြေထောက်ကို ထိသွားတာတို့ တယောက်နဲ့ တယောက်တွဲခေါ်သွားတာတို့ ခွေးပြေးဝက်ပြေး ပြေးသွားတာတို့ကို မျက်မြင်တွေ့လိုက်ရတယ်" လို့ DRPA ရဲ့ သတင်းတာဝန်ခံက ပြောပါတယ်။

ရပ်ကွက် ၃ ထဲအထိ လိုက်လံပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ကျဆုံးမှုသတင်းကိုတော့ အတည်ပြုပေးနိုင်ခြင်း မရှိဘူးလို့ သူက ဆက်ပြောပါတယ်။

လိုက်လံပစ်ခတ်စဥ် စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိဘဲ မြို့တွင်းကို ထွက်ပြေးသွားကြသလို ပြောက်ကျားရဲဘော်တွေလည်း ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

DRPA အဖွဲ့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း ဆားလင်းကြီးမြို့နယ်အတွင်း မီးရှို့ပြန်လာတဲ့ စစ်ကောင်စီအင်အား ၅၀ ပါ တပ်ကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်သားအချို့ ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့ပါသေးတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10