ကတုတ်ကျင်းနက်နက်တူးထားတဲ့ ပြင်ဦးလွင်က စစ်တပ်ခံစစ်နဲ့  မြို့ကိုစွန့်ခွာနေတဲ့ တပ်မိသားစုဝင်တွေ (ရုပ်သံဆောင်းပါး)

ရှမ်းမြောက်၊ လားရှိုးမြို့နဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ကျသွားပြီးနောက် ရှမ်းမြောက်နဲ့ မန္တလေးတိုင်းအစပ်ရှိ စစ်တပ်မြို့လို့ခေါ်ဆိုတဲ့ ပြင်ဦးလွင်မြို့ကို တော်လှန်ရေးတပ်တွေ ဝင်တိုက်မယ့်သတင်းတွေကို စစ်ကောင်စီတပ်အရာရှိတွေ ခန့်မှန်းရရှိထားပြီး ကတုတ်ကျင်းတူး ခံစစ်ပြင်ဆင်မှုတွေ လုပ်ဆောင်နေသလို တပ်မိသားစုဝင်တွေလည်း မြို့ကိုစွန့်ခွာနေကြပြီလို့ ပြင်ဦးလွင်တပ်အသိုင်းအဝိုင်းထံက သိရပါတယ်။

ပြင်ဦးလွင်က စစ်ကောင်စီတပ်ရင်းတွေမှာ တိုက်ပွဲတွေအတွက် ခံစစ်အသီးသီးပြင်ဆင်နေကြသလို အနီးစခန်း လေဆိပ်မှာလည်း တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီးထက်မနည်း အရံသင့်ပြင်ဆင်ထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြင်ဦးလွင်တပ်နယ်က တာဝန်ထမ်းဆောင်ဆဲ တပ်အရာရှိတဦးက ပြောပါတယ်။

" စနေနေ့ စောင့်ကြည့်ရမှာပဲ။ အရင်တခါ လားရှိုးတုန်းကတော့ သတင်းမှန်တယ်။ အခုတော့ ဘယ်လိုလာမလဲ မသိဘူး"လို့ အဲ့ဒီအရာရှိက ပြောပါတယ်။ 

ဆောင်းပါး - N ၊ ဟိန်းစံ ၊ တည်းဖြတ်-HP

#မြေလတ်အသံ

#ရုပ်သံဆောင်းပါး #ပြင်ဦးလွင် #၁၀၂၇ဒုတိယပိုင်း #မြို့သိမ်းတိုက်ပွဲ #ခံစစ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10