ကနီနယ်ကသံဃာတော်တွေ ပတ္တနိက္ကုဇ္ဇနကံ‌ဆောင် သပိတ်မှောက်

ကနီနယ်ကသံဃာတော်တွေ ပတ္တနိက္ကုဇ္ဇနကံ‌ဆောင် သပိတ်မှောက်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ဘုန်းကြီးကျောင်းတကျောင်းမှာ ဇူလိုင် ၃ ရက်ညနေပိုင်းက သံဃာတော်တွေဦးဆောင်ပြီး ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်ပြုခဲ့ကြတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်ပြုလုပ်တာဟာ သံဃာတော်တွေအနေနဲ့ စစ်ကောင်စီကို ပတ်သက်ဆက်ဆံတာတွေမလုပ်ဖို့ ရည်ရွယ်လုပ်ဆောင်တာလို့ ဆိုပါတယ်။ 

ဇွန် ၁၉ ရက်မှာ စစ်ကောင်စီတပ်သားတွေရဲ့ပစ်ခတ်မှုကိုခံခဲ့ရတဲ့ နိုင်ငံတော်သံဃာ့နာယကအဖွဲ့ဝင် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာတော်ကြီးပျံလွန်ခဲ့ပြီးနောက် ဇွန် ၂၃ ရက်မှာ ‌‌‌ချောင်းဦးမြို့နယ် သံဃာတော်တွေက အဆိုပါ ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်ကို စတင်ပြုလုပ်ခဲ့တာပါ။  

အဲ့ဒီနောက် စစ်ကိုင်းတိုင်းထဲက ‌ဒီပဲယင်း၊ တန့်ဆည်၊ စစ်ကိုင်း၊ ကနီ၊ ဆားလင်းကြီး၊ မုံရွာ၊ ဝက်လက်၊ မြင်းမူ၊ အရာတော်၊ ဘုတလင်၊ ရေဦးမြို့နယ်၊ မကွေးတိုင်းထဲက ပေါက်၊ မြိုင်၊ ပခုက္ကူ၊ ဆိပ်ဖြူမြို့နယ်၊ မန္တလေးတိုင်းထဲက မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့နယ်နဲ့ တနင်္သာရီတိုင်းက ထားဝယ်မြို့နယ်တို့က သံဃာတော်တွေကလည်း ဆက်တိုက်ဆိုသလို ပတ္တနိက္ကုဇ္ဇနကံဆောင်မှု သပိတ်ပြုလုပ်ကြတာ ဖြစ်ပါတယ်။ 

ပုံစာ - ကနီမြို့နယ်က သံဃာတော်များ စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်ပြုလုပ်နေစဉ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကနီ #ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် #သံဃာတော်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10