သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က ကျေးရွာတရွာကို စစ်ကောင်စီတပ်က မေလ ၃၁ ရက် ဒီနေ့မနက် ၁၁ နာရီခန့်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းကနေပစ်ခတ်တိုက်ခိုက်သွားတယ်လို့ ဒေသခံတဦးကပြောပါတယ်။
ကနီမြို့နယ် မုံရွာ - ယာကြီးကားလမ်း မိုင်တိုင် ၂၇ မိုင်အနီး ပေါက်အင်းမြိုင်ကျေးရွာက စာသင်ကျောင်း၊ ဈေးဆိုင်တွေနဲ့ ယာခင်းတွေကို မုံရွာ(နမခ)ကတက်လာတဲ့ စစ်ကောင်စီလေတပ် MI 35 တိုက်ခိုက်ရေးရဟတ်ယာဥ်နဲ့ နာရီဝက်နီးပါး ပစ်ခတ်သွားတာ လို့ဆိုပါတယ်။
"လေယာဉ်က ၂ ခါဝဲပီးမှ ပစ်တာဗျ ။ ပထမတခါဝဲနေတဲ့အချိန် ပြည်သူတွေပြေးကြတာ။ နောက်တပတ်ဝဲပြီးမှ လေယာဥ်ပေါ်ကနေ စက်လတ်နဲ့ပစ်တာ။ မိနစ် ၂၀ကျော်တယ်” လို့ ကနီဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
လေကြောင်းပစ်ခတ်မှုကြောင့် လူထိခိုက်သေဆုံးမူတော့မရှိပေမယ့် လူနေအိမ် ၁ လုံး ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ကနီနယ်က PDF တပ်ဖွဲ့ဝင်တဦးကလည်း "ပြည်သူတွေကို အကြောက်တရားပေးနေတာဗျ။ သူတို့နဲ့မတူ အကုန်ရန်သူလို့ သတ်မှတ်ထားတာ။ သူတို့စိတ်ထဲ မထင်ရင်မထင်တဲ့နေရာ ပစ်တာ ၊ ကမ်းကုန်အောင် မိုက်နေပြီမို့ ဒီတော်လှန်ရေးကြီးက မကြာခင်အောင်တော့မှာဗျ" လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၂၉ ရက်နေ့ကလည်း ယင်းမာပင်မြို့နယ်က ပိုင်ရွာမှာ မိုခါမုန်တိုင်းကြောင့်ပျက်စီးနေတဲ့ လမ်းကိုပြင်နေတဲ့ ပြည်သူတွေကို ဂျက်ဖိုက်တာလေယာဥ်နဲ့ ၂ ကြိမ်တိုင်တိုက်ခိုက်လို့ အမျိုးသားတဦးရဲ့လက်ကိုထိခိုက်ခဲ့ပြီး ကားတစီးပျက်စီးသွားခဲ့ပါသေးတယ်။
စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ
#ကနီ #စစ်ကောင်စီတပ် #လေကြောင်းတိုက်ခိုက် #MI35 #ပစ်ခတ်မှု #နေအိမ်ပျက်စီး
Share Share Share