ကနီမြို့နယ်က ကလေးငယ် ၃၀၀ ကျော်ကို သပိတ်အင်အားစုတွေက သံချဆေးတိုက်ကျွေး

ကနီမြို့နယ်က ကလေးငယ် ၃၀၀ ကျော်ကို သပိတ်အင်အားစုတွေက သံချဆေးတိုက်ကျွေး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲက ကလေးတွေကို ကနီနွေဦးတော်လှန်ရေးသပိတ် အင်အားစုနဲ့ ဒေသခံပြည်သူတွေ ဦးဆောင်ပြီး သံချဆေးတိုက်ကျွေးခဲ့တယ်လို့ သပိတ်မှာ ပါဝင်သူတဦးက ပြောပါတယ်။

ဇွန်လ ၂၂ ရက်နဲ့ ၂၃ ရက် ၂ ရက်တိတိမှာ ကျေးရွာ ၇ ရွာရှိ အသက် (၂) နှစ်ကနေ (၁၀)နှစ်အထိ ကလေးငယ် ၃၁၁ ဦးကို ကနီမြို့နယ်ထဲက ကျေးရွာတရွာမှာ သံချဆေးတိုက်ကျွေးခဲ့တာဖြစ်ပြီး အခုလိုသွားရောက် တိုက်ကျွေးနိုင်ဖို့အတွက် အလှူရှင်တချို့ပေးလှူထားတဲ့ ငွေကြေးတွေကိုစုဆောင်းပြီး တိုက်ကျွေးခဲ့တယ်လို့လည်း ဆိုပါတယ်။

“၂၀၂၂ ဒီဇင်ဘာလက ဆေးတိုက်ခဲ့တဲ့ရွာတွေကို အခုပြန်တိုက်တာပါ။ ၆ လတကြိမ် ကျနော်တို့ ပုံမှန်တိုက်မှာပါ။ အခုလိုတိုက်တာကလည်း ကျနော်တို့သပိတ်အဖွဲ့ရဲ့အစီအစဉ်နဲ့ တိုက်တာပါ။ ဘယ်အဖွဲ့က ညွှန်ကြားလို့လုပ်ခိုင်းလို့ လုပ်တာမဟုတ်ပါဘူး” လို့ ကနီနွေဦးတော်လှန်ရေးသပိတ်မှာ ပါဝင်တဲ့ ကိုပြည့်အောင်နိုင်က မြေလတ်အသံကို ပြောပါတယ်။

အခုလို ဆေးဝါးတွေသွားရောက်တိုက်ကျွေးဖို့နဲ့ ခရီးသွားလာစရိတ်အပါအဝင် ငွေကြေး သိန်း ၂၀ ခန့်ကုန်ခဲ့တယ်လို့လည်း ဆိုပါတယ်။ နောက်ထပ်လည်း ဆက်လက်လုပ်ဆောင်သွားဖို့ရှိကြောင်းနဲ့ အလှူရှင်တွေ ထပ်မံပေါ်ပေါက်လာပါက ကလေးတွေထပ်တိုးပြီး တိုက်ကျွေးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကလည်း နွေဦးသပိတ်တော်လှန်ရေးအဖွဲ့နဲ့ ဒေသခံပြည်သူတွေပူးပေါင်းပြီး ကနီနယ်ထဲက ကျေးရွာ ၆၀ ကျော်နဲ့ စစ်ရှောင်စခန်းက ကလေးတွေ စုစုပေါင်း ၅၅၁၂ ဦးကို သံချ‌ဆေးတိုက်ကျွေးခဲ့တယ်လို့လည်း သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

 

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကနီ #နွေဦးတော်လှန်ရေး #ကလေးသူငယ် #ကျန်းမာရေး #ကုသရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10