ကနီမြို့မရဲစခန်းက အမျိုးသမီးရဲတပ်ဖွဲ့ဝင် ၁ ဦး လသားအရွယ်သမီး၊ လက်ပစ်ဗုံး ၁ လုံးနဲ့ အလင်းဝင်

ကနီမြို့မရဲစခန်းက အမျိုးသမီးရဲတပ်ဖွဲ့ဝင် ၁ ဦး လသားအရွယ်သမီး၊ လက်ပစ်ဗုံး ၁ လုံးနဲ့ အလင်းဝင်

 

စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ် ၊မြို့မရဲစခန်းက အမျိုးသမီးရဲတပ်ဖွဲ့ဝင် ၁ ဦး ဇန်နဝါရီလ ၃ ရက်က ကာကွယ်ရေးတပ်ဖွဲ့တွေဆီ အလင်းဝင်ရောက်ခဲ့တယ်လို့ အာဏာရှင်လွတ်မြောက်ရေးတပ် Department of Information – DRPA  က ထုတ်ပြန်ထားပါတယ်။

အလင်းဝင်ရောက်လာသူမှာ ကနီမြို့မရဲစခန်းမှ ရဲတပ်သား မဇင်မာလွင် ဖြစ်ပြီး သူ့ရဲ့  ၅ လသား အရွယ် သမီးဖြစ်သူနဲ့အတူ လက်ပစ်ဗုံး ၁ လုံး ယူဆောင်လာပြီး ကာကွယ်ရေးတပ်ဖွဲ့တွေဆီ အလင်းဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။

 

“ကျနော်တို့ သူ့ကို လူ့အခွင့်အရေးနဲ့အညီ စစ်ဆေးမေးမြန်းနေတုန်းပါ။ ကောင်းကောင်းမွန်မွန်လည်း ကျွေးမွေးပြုစုထားပါတယ်။ သူ့ကို ဆုချဖို့လည်းရှိပါတယ်။ သူယူလာတဲ့ ပစ္စည်းပေါ်မူတည်ပြီး ဆုချသွားမှာပါ ” လို့ Department of Information – DRPA ပြန်ကြားရေးတာဝန်ခံ ရဲဘော်မင်းညိုက မြေလတ်အသံကို ပြောပါတယ်။

 

သူဟာ ပြီးခဲ့တဲ့ ၂၀၂၃၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ကတည်းက အလင်းဝင်ရောက်ဖို့အတွက် စတင်ဆက်သွယ်ခဲ့ပေမဲ့လည်း အခြေနေအကြောင်းအရာတွေကြောင့် ဇန်နဝါရီ ၃ ရက်နေ့မှ ခေါ်ယူနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

 

မဇင်မာလွင်ဟာ ကနီမြို့မရဲစခန်းမှာ တာဝန်ကျနေထိုင်နေတာ ၁ နှစ်ခွဲနီးပါးရှိပြီးဖြစ်ပြီး လက်ရှိ အလင်းဝင်လာပြီးတဲ့နောက် CDM ဝင်လာတဲ့သူတွေ ထားရှိတဲ့ စခန်းတခုမှာ ကောင်းမွန်စွာလက်ခံထားရှိတယ်လို့လည်း သိရပါတယ်။

 

DRPA တပ်ဖွဲ့ထံ စစ်ကောင်စီတပ်သားတွေအလင်းဝင်လာတာ မဇင်မာလွင်အပါအဝင် ၅ ဦးရှိပြီဖြစ်ပြီး အဲဒီထဲက ရဲတပ်သား ၁ ဦး နဲ့ ပျူစောထီး ၁ ဦးဟာ လက်နက်တွေ ယူဆောင်လာကြတယ်လို့လည်း ဆိုပါတယ်။

 

ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့လည်းအချိန်မနှောင်းခင် အမြင်မှန်ရပြီး  ပြည်သူလူထုနဲ့ အမြန်ဆုံးပူးပေါင်းကြဖို့ကိုလည်း DRPA တပ်ဖွဲ့က တိုက် တွန်းပြောဆိုခဲ့ပါသေးတယ်။

 

 စာတည်း − ရင်ငြိမ်း

 

#မြေလတ်အသံ

#စစ်ကိုင်း #ကနီ #ရဲစခန်း #အမျိုးသမီးရဲမေ #အလင်းဝင် #CDM #DRPA

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10