ကနီမှာ စစ်သားတဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်၊ ကျပ်သိန်း ၅၀ ချီးမြှင့်သွားမည်

ကနီမှာ စစ်သားတဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်၊ ကျပ်သိန်း ၅၀ ချီးမြှင့်သွားမည်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ တာဝန်ကျတဲ့ စစ်ကောင်စီတပ်သားတဦး ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KLG PDF ကျောက်လုံးကြီးဆီကို လက်နက်နဲ့အတူ ကျည်ဆံတွေနဲ့ အလင်းဝင်လာတာလို့ တပ်ဖွဲ့တာဝန်ရှိသူဆီက သိရပါတယ်။   

ကလေးမြို့ ခလရ ၈၇ က တပ်သားဖိုးလပြည့်ဖြစ်ပြီး ဒီဇင်ဘာ ၆ ရက် ည ၈ နာရီလောက်က MA 2 သေနတ် ၁ လက်၊ ကျည် ၁၄၀ ကျော်နဲ့ အလင်းဝင်လာတာလို့ ဆိုပါတယ်။ 

ဖိုးလပြည့်ဟာ ဒီဇင်ဘာ ၅ ရက် ညနေက တပ်စွဲထားတဲ့ ကနီမြို့ပေါ်ရဲစခန်းကနေ ပြည်သူတဦးအကူအညီနဲ့ အလင်းဝင်လာတာလို့ ဆိုပါတယ်။

“လက်ရှိ သူ့ကို သီးသန့်အဆောင်တဆောင်မှာ ထားပါတယ်။ လုံးဝ ယုံကြည်စိတ်ချရပြီဆိုမှ သူသွားချင်တဲ့နေရာ ကို သွားခွင့်ပေးမှာပါ " လို့ KLG PDF တပ်ဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။ 

လက်နက်နဲ့ ကျည်တွေပါ ယူဆောင်လာတဲ့အတွက် ကျပ် သိန်း ၅၀ ချီးမြှင့်သွားမှာဖြစ်ပြီး ဖိုးလပြည့် ကိုယ်တိုင်လည်း စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်သွားဖို့ ဆန္ဒရှိတယ်လို့ သူက ဆက်ပြောပါတယ်။ 

ဒီဇင်ဘာ ၆ ရက် ည ၈ နာရီလောက်မှာပဲ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မရဲစခန်းက ရဲတပ်သားဝေလျှံကျော်ဟာ တပ်ရင်း ၁၆ တပ်ခွဲ ၃  သမန်းကျားပြောက်ကျားတပ်ကို  G3 ၁ လက်၊ MA 4 ၁ လက်၊ G3 ကျည် ၁၈၁ တောင့်၊ MA 4 ကျည် ၅၃၆ တောင့်၊  အီနာဂါ ၆ လုံး၊ ပို့ကျည် ၉ တောင့် ၊ 40 မမ ၂ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ icon ၁ လုံး၊ ဓားမြှောင် ၁ လက်၊ ကျည်ကာ ၁ ထည် အပြင် ကျည်ဘောက်တွေနဲ့အတူ အလင်းဝင်ခဲ့ပါသေးတယ်။ 

ပုံစာ - အလင်းဝင်စစ်သားနှင့်အတူတွေ့ရသည့် သေနတ်နှင့် ကျည်များ။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကနီမြို့နယ် #စစ်ကောင်စီ #ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #KLG #PDF #ကျောက်လုံးကြီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10