ကနီမှာ ဆရာတွေနဲ့ ကျောင်းသားတွေ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြ

ကနီမှာ ဆရာတွေနဲ့ ကျောင်းသားတွေ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ကျေးရွာတရွာမှာ ဆရာ၊ ဆရာမ နဲ့ ကျောင်းသား၊ ကျောင်းသူတွေက စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ ကနီဒေသခံတဦးက ပြောပါတယ်။

အဲ့ဒီဆန္ဒထုတ်ဖော်မှုကို ဇွန်လ ၂၀ ရက် ဒီနေ့ မနက် ၉ နာရီလောက်မှာ ပြုလုပ်ခဲ့ကြတာဖြစ်ပြီး အခုလို ကျောင်းသား/သူတွေ နဲ့ ဆန္ဒပြရခြင်းဟာလည်း သူတို့တွေကို စစ်အာဏာရှင်စနစ် ရှိနေသေးကြောင်းကို သိစေဖို့ ဆန္ဒထုတ်ဖော်ခြင်းဖြစ်တယ်လို့ လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတဦးက မြေလတ်အသံကို ပြောပါတယ်။

"ဒီမနက် ဆန္ဒထုတ်ဖော်တာကတော့ အင်အားကတော့ ၂၀၀ လောက်ရှိပါတယ်။ ကလေးတွေကို သိသင့်တာတွေ သိရအောင်နဲ့ ပညာတတ်မြောက်အောင် သင်တာကလည်း တော်လှန်ရေးဆိုတာသိဖို့ ရည်ရွယ်ချက်နဲ့ပါ ” လို့ ကိုပြည့်အောင်နိုင်က ပြောပါတယ်။

ဇွန်လ ၁၉ ရက် မနေ့ကလည်း ကနီနယ်ထဲက ဒေသခံပြည်သူတွေဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့  ၇၈ နှစ်ပြည့်မွေးနေ့နဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ကိုလည်း ကျင်းပပြုလုပ်ခဲ့ကြပါသေးတယ်။

စာတည်း-နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ကနီ #စစ်အာဏာရှင် #ဆန္ဒဖော်ထုတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10