ကနီမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ် ညသပိတ် ပြုလုပ်(Photo News)

ကနီမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ် ညသပိတ် ပြုလုပ်(Photo News)

စစ်ကိုင်းတိုင်း ကနီမြို့နယ်က ကျေးရွာတရွာမှာ ဇွန်လ ၁၈ ရက် မနေ့ညက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ၇၉ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်ညသပိတ်ကို ပြုလုပ်ခဲ့တယ်လို့  ဦးဆောင်သူတဦးက ပြောပါတယ်။

ကနီမြို့နယ် နွေဦးတော်လှန်ရေး သပိတ်အင်အားစုနဲ့  ပြည်သူတွေ ဦးဆောင်ပြီး မွေးနေ့ရှင် ဘေးကင်း ကျန်းမာစေဖို့ ဆုတောင်းရင်း DASSK 79 စာတန်းကို ဆီးမီးတွေနဲ့ ပုံဖော်ခဲ့တဲ့အပြင် “ ငါတို့သည် ဒေါ်အောင်ဆန်းစုကြည်များ” ဘန်နာစာတမ်း ကိုင်ဆောင်ကာ  စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး ကြွေးကြော်သံတွေနဲ့  ပြုလုပ်ခဲ့ကြတာလို့ သိရပါတယ်။

 

#မြေလတ်အသံ

#စစ်ကိုင်း #ကနီ #ဒေါ်အောင်ဆန်းစုကြည် #မွေးနေ့ #သပိတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10