ကနီမှာ ရိက္ခာပို့လာတဲ့စစ်ကြောင်း တိုက်ခိုက်ခံရ

ကနီမှာ ရိက္ခာပို့လာတဲ့စစ်ကြောင်း တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ရိက္ခာလာပို့တဲ့ စစ်ကောင်စီစစ်ကြောင်းကို မတ်လ ၁၈ ရက်ဒီမနက်မှာ PDF ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ ကျောက်လုံးကြီး KLG PDF က သတင်းထုတ်ပြန်ထားပါတယ်။

အင်အား ၇၀ ဝန်းကျင်ပါတဲ့စစ်ကြောင်းက ကနီမြို့ပေါ်ကနေ ပျူစောထီးတွေကြီးစိုးတဲ့ အလယ်ကျွန်းရွာကိုသွားချိန် လမ်းပိုင်းတခုမှာ ဒီမနက် ၈ နာရီလောက်က တိုက်ခိုက်ခဲ့တာလို့ ကျောက်လုံးကြီးတပ်ဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။

"သူတို့က ရိက္ခာပို့ဖို့ အလယ်ကျွန်းရွာကို ခြေလျင်သွားတာကို ကျနော်တို့က အလယ်ကျွန်းကိုမရောက်ခင် စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။ နှစ်ဘက်အပြန်အလှန် ပစ်ခတ်လို့ တိုက်ပွဲကြာချိန် တနာရီခွဲလောက်ရှိ ပါတယ်" လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က ၃ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ကျောက်လုံးကြီးတပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမယ့် မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

အဲဒီတိုက်ခိုက်မှုမှာ ကျောက်လုံးကြီး KLG PDF အဖွဲ့၊ မဟာမိတ်တပ်ရင်း ၁၊ ၂၊ DRPA နဲ့ ဒေါင်းမျိုးဆက်အဖွဲ့အပြင် နယ်မြေခံပကဖတွေပါ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ ပြီးခဲ့တဲ့မတ်လ ၁ ရက်မနက် ၉ နာရီကလည်း ယင်းမာပင်မြို့နယ်၊ ကုန်းရွာကို မီးရှို့လာတဲ့ စစ်ကောင်စီတပ်တွေကို ကုန်းရွာနဲ့ စားတော်ပြင်ရွာကြားအရောက်မှာ တိုက်ခိုက်ခဲ့လို့ စစ်သား ၅ ဦးခန့် သေဆုံးခဲ့ပါသေးတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10