ကနီမှာ လေပြင်းတိုက်ခတ်လို့ ရွာ ၈ ရွာက အိမ်ခြေ ၁၅၀ နီးပါး ပျက်စီး

ကနီမှာ လေပြင်းတိုက်ခတ်လို့ ရွာ ၈ ရွာက အိမ်ခြေ ၁၅၀ နီးပါး ပျက်စီး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းမှာ ဧပြီလ ၂၁ ရက် မနေ့ ညနေ ၅ နာရီလောက်က လေပြင်းတိုက်ခတ်ခဲ့လို့ လူနေအိမ် ၁၅၀ နီးပါး ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


ကနီမြို့နယ် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းက ကျေးရွာတွေဖြစ်တဲ့ အိုင်တောင် မြောက်ရွာ၊ အရှေ့ရွာ၊ အနောက်ရွာနဲ့ အဲ့ဒီအနီးနားမှာရှိတဲ့ ကျေးရွာ ၅ ရွာကို အချိန်အခါမဟုတ် လေပြင်းတိုက်ခတ်ခဲ့တာကြောင့် လူသေဆုံးတာမျိုး မရှိပေမယ့် နေအိမ် တော်တော်များများပျက်စီးသွားတယ်လို့ ကနီဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။



“မိုးများပြီး လေကြမ်းတာ။ လေပြင်းဝင်တာ ၈ ရွာပေါ့။ အဲ့ဒီလောက် လေကြမ်း၊မိုးကြမ်းတာ တခါမှမကြုံဖူးဘူး ပထမဆုံးပဲ။ မီးတွေလည်း ဖြတ်ခံထားရတာ ၂ ရက်ရှိပြီ။ အခုချိန်ထိလည်း မီးမလာသေး” လို့ဆိုပါတယ်။


မနေ့ ညနေ ၅ နာရီလောက်မှာ လေပြင်း စတင်တိုက်ခတ်ခဲ့တာ ဖြစ်ပြီး အချိန် ၄၅ မိနစ်ခန့် တိုက်ခတ်ခဲ့တာဖြစ်ကာ ညနေ ၆ နာရီဝန်းကျင်မှာ လေပြင်းတိုက်ခတ်တာ ရပ်တန့်ခဲ့ပေမယ့် မိုးကတော့ ဆက်လက်ရွာသွန်းခဲ့တယ်လို့ သိရပါတယ်။

မနေ့ညနေပိုင်းမှာ ကနီမြို့နယ်အပါအဝင် မြန်မာပြည်အထက်ပိုင်းဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တချို့နဲ့ ကချင်ပြည်နယ်အတွင်း မြို့နယ်တချို့မှာလည်း လေပြင်းတိုက်ခတ်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
စာတည်း -ရင်ငြိမ်း
#မြေလတ်အသံ
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10