ကနီမှာ အာဇာနည်နေ့အထိမ်းအမှတ် ကလေးငယ်တွေကို သံချဆေးတိုက်ကျွေး

ကနီမှာ အာဇာနည်နေ့အထိမ်းအမှတ် ကလေးငယ်တွေကို သံချဆေးတိုက်ကျွေး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က စစ်ရှောင်ကလေးငယ်တွေကို အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် သံချဆေးတိုက်ကျွေးခဲ့တယ်လို့ ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုရဲ့ ပြောခွင့်ရသူ ကိုပြည့်အောင်နိုင်(ကနီ) က ပြောပါတယ်။

ကနီမြို့နယ်၊ ကျေးရွာ ၂ ရွာက အသက် ၂ နှစ်မှ ၈ နှစ်အထိ စစ်ရှောင်ကလေးငယ် ၂၂၄ ဦးကို ဇူလိုင် ၁၈ ရက်နဲ့ ဇူလိုင် ၁၉ ရက်ဒီနေ့မှာ သံချဆေးတိုက်ကျွေးခဲ့တာလို့ ဆိုပါတယ်။

"မနေ့ကနဲ့ဒီနေ့မှာ ကျနော်တို့ Team က ကျန်းမာရေး CDM ဆရာ၊ ဆရာမတွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး သံချဆေးတိုက်ကျွေးခဲ့တာပါ။ တိုက်ကျွေးရတဲ့နေရာက ခရီးကဝေးတယ်"လို့ ကိုပြည့်အောင်နိုင်(ကနီ) က ပြောပါတယ်။

ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုဟာ ဇွန်လမှ ဇူလိုင် ၁ ရက်အထိ မြို့နယ်အတွင်းရှိ ကျေးရွာ ၃၁ ရွာက ကလေးငယ် ၂၀၅၅ ဦးကို သံချဆေးတိုက်ကျွေးနိုင်ခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကနီ #သံချဆေးတိုက် #ကလေးငယ် #ကနီမြို့နယ်နွေဦးတော်လှန်ရေးသပိတ်အင်အားစု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10