ကနီရွာမှာ မိုင်းဆွဲခံရလို့ စစ်သား ၂ ဦးသေဆုံး

ကနီရွာမှာ မိုင်းဆွဲခံရလို့ စစ်သား ၂ ဦးသေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြိုင်မြို့နယ်၊ ကနီကျေးရွာကထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို မေ ၂၈ ရက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသ၊ ပခုက္ကူခရိုင်အမှတ် ၁၇ တပ်ရင်း ဆီက သိရပါတယ်။

ကနီကျေးရွာကထွက်လာတဲ့ စစ်သားနဲ့ပျူစောထီးအင်အား ၆၀ လောက်ကို ရွာဘုန်းကြီးကျောင်းတိုက် အနီးမှာ ည ၇ နာရီလောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီနောက် မိနစ် ၂၀ ကြာနှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ရာ ထိခိုက်သေဆုံးခဲ့ကြတာလို့ ဆိုပါတယ်။ 

"သူတို့ မိုင်းကွင်းထဲရောက်တဲ့အချိန်မှာ လက်နက်ငယ်နဲ့ အရင်ပစ်လိုက်တယ်။ ပြီးတော့ မိုင်းဆွဲချလိုက်တယ်။ စစ်သား ၂ ယောက်သေတယ်" လို့ ပခုက္ကူခရိုင်အမှတ် ၁၇ တပ်ရင်းမှ တပ်ရေးဗိုလ်ကြီးက ပြောပါတယ်။

တိုက်ခိုက်ပြီးနောက်မှာ စစ်ကောင်စီအဖွဲ့တွေဟာ အလောင်းတွေကိုသယ်ပြီး ကနီရွာထဲကို ပြန်ဆုတ်သွားခဲ့ကာ ရွာထဲကနေ အနီးဝန်းကျင်ကို လက်နက်ကြီးတွေ ၄၀ မမ၊ ၆၀ မမတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ 

ပြီးခဲတဲ့ မေ ၁၇ ရက်ကလည်း မြိုင်မြို့စစ်ဆေးရေးဂိတ်နဲ့ မီးသတ်ရုံးမှာတပ်စွဲထားတဲ့ စစ်သားတွေကို မဟာမိတ်တပ်ဖွဲ့ဝင်တွေကတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး ကာကွယ်ရေးရဲဘော် ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ပခုက္ကူခရိုင်တပ်ရင်း ၁၇ မှ ရဲဘော်တဦး တိုက်ပွဲဝင်နေစဉ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #စစ်ကောင်စီ #မိုင်းဆွဲ #တိုက်ခိုက် #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10