ကန့်ဘလူက စစ်ရှောင်အမျိုးသားတဦး မိုးကြိုးစက်ကွင်းမိပြီး သေဆုံး

ကန့်ဘလူက စစ်ရှောင်အမျိုးသားတဦး မိုးကြိုးစက်ကွင်းမိပြီး သေဆုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက စစ်ဘေးရှောင် အမျိုးသားတဦးဟာ မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။။

သေဆုံးသူဟာ ကန့်ဘလူမြို့နယ်၊ ချပ်ကုန်းရွာက အသက် ၂၄ နှစ်အရွယ် ကိုနော်မှိုင်းဖြစ်ပြီး မေလ ၁၆ ရက် ညနေ ၆ နာရီခွဲအချိန်ခန့်မှာ ကိုးတောင်ဘို့တိုက်နယ်က တဲတိုက်အနီးမိုးကြိုးပစ်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။


“သူတို့(ကိုနော်မှိုင်း)နေတဲ့ တဲကသစ်ပင်ဘေးကပ်ဆောက်ထားတာ မိုးကြိုးကသစ်ပင်ကိုပစ်တာမှာ တဲထဲကို နွားဆွဲလာတဲ့ကိုနော်မှိုင်းကို ထိသွားပြီး နေရာမှာပဲဆုံးတာ နွားကတော့ဘာမှမဖြစ်ဘူး " လို့ဒေသခံတဦးက ပြောပါတယ်။

ကိုနော်မှိုင်းမှာ ဦးခေါင်းမီးလောင်သဏ္ဍန် ဒဏ်ရာရခဲ့ပြီး တဲအိမ်ကိုလည်း မီးလောင်သွားတယ်လို့သူက ဆက်ပြောပါတယ်။

သေဆုံးသူမှာ ဇနီးနဲ့ ၂ နှစ်သားအရွယ်ကလေးတဦး ကျန်ရစ်ခဲ့ပြီး အလောင်းကိုမနေ့နေ့လယ်က သဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

ကိုနော်မှိုင်းတို့မိသားစုဟာ ကိုးတောင်ဘို့တိုက်နယ်အတွင်းကို ပြီးခဲ့တဲ့နှစ်ဆန်းဝန်းကျင်လောက်ကတည်းကအခြားရွာသားအချို့နဲ့ပြောင်းရွှေ့နေထိုင်တဲ့ အနေကြာစစ်ရှောင်တဦးဖြစ်ပြီး ကိုးတောင်ဘို့တိုက်နယ်အတွင်း စစ်ရှောင်ထဲက ပထမဆုံးမိုးကြိုးထိမှန်သေဆုံးသူဖြစ်တယ်လို့ သိရပါတယ်။

ကန်ဘလူမြို့နယ်မှာ မေလ ၁၅ ရက်နေ့ကလည်း ချပ်သင်းတိုက်နယ်က အသက် ၅၃ နှစ်အရွယ် စစ်ရှောင်အမျိုးသမီးတဦး မြွေကိုက်ခံရသလို မေလ ၁၂ ရက်နေ့ကလည်း ဇီးကုန်းတိုက်နယ်က အသက် ၁၇ နှစ်အရွယ်လူငယ်တဦး မြေကိုက်ခံခဲ့ရပါသေးတယ်။

စာတည်း - 007

#မြေလတ်အသံ
#ကန့်ဘလူ #စစ်ရှောင် #မိုးကြိုးပစ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10