သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီ၊ ပျူစောထီးပူးပေါင်းတပ်ဖွဲ့တွေက ၀င်ရောက်မီးရှို့ဖျက်ဆီးခဲ့လို့ ၃ ရက်အတွင်း လူနေအိမ် ၂၄၈ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက်နေ့စလို့ အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ မြေမွန်ရွာကို စစ်ကောင်စီ ခမရ ၃၆၉ တပ်ရင်းက အင်အား ၈၀ နီးပါးနဲ့ မီးရှို့ဖျက်ဆီးသွားခဲ့တာကြောင့် နေအိမ် ၂၁၈ လုံး မီးလောင်ပျက်စီးခဲ့ပြီး၊ ၂၀ ရက်နေ့မှာ အဲဒီစစ်ကြောင်းကပဲ မြေမွန်ရွာရဲ့ တောင်ဘက်မှာရှိတဲ့ တရော်ကိုင်းရွာထဲကို သေနတ်ပစ်ဖောက် ဝင်ရောက်လာကာ နေအိမ် ၂ လုံးကို ထပ်မံမီးရှို့ခဲ့တယ်လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာတော့ ကျွန်းလှမြို့ပေါ်က စစ်ကောင်စီတပ်နဲ့ ကန့်ဘလူမြို့နယ် ပေကုန်း (တောင်)ရွာက ပျူစောထီးတွေ ပေါင်းပြီး အင်အား ၁၂၀ နီးပါးနဲ့ ချောင်းကြားရွာထဲကို ၀င်ရောက်ပြီး နေအိမ် ၂၈ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ခံတဦးက မြေလတ်အသံကို ပြောပါတယ်။
"မြေမွန်ရွာနဲ့ တရော်ကိုင်းရွာက ပထမအကြိမ် မီးရှို့ခံရတာပါ။ ချောင်းကြားရွာက အခုအကြိမ်နဲ့ဆို ၃ ကြိမ်မြောက် မီးရှို့ခံရတာပါ။ ၃ ကြိမ်ပေါင်း နေအိမ်စုစုပေါင်း ၅၉ လုံး မီးလောင်ပျက်စီးသွားပါပြီ။ ခုက ၃ ရက်အတွင်း ရွာ ၃ ရွာကို ၂၄၈ လုံး မီးရှို့ခံလိုက်ရတယ်" လို့ သူက ပြောပါတယ်။
ကန့်ဘလူခရိုင်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ကျေးရွာနေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုကြောင့် မီးဘေးသင့်စစ်ရှောင်ဒေသခံ ၃ သုံးသောင်းနီးပါးအထိ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်တယ်လို့ သူက ဆက်လက်ပြောပါတယ်။
"စစ်ရှောင်ဦးရေက တခရိုင်လုံးစာ ခြုံပြီး ပြောပေးတာပါ။ တချို့က ရွာတွေ ပျက်သွားလို့ လုံးဝပြန်ဝင်မရတဲ့ဟာတွေ ရှိပါတယ်။ တစ်နှစ်နီးပါး ရှိပါပြီ။ အဲ့ဒါကြောင့် အကုန်ခြုံပြောပေးတာပါ" လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ကလည်း ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်က အသက် (၂၂) နဲ့ အသက် (၃၂)အရွယ် စစ်ရှောင်အမျိုးသား ၂ ဦးကို မီးရှို့သတ်ဖြတ်သွားခဲ့တယ်လို့ သိရပါတယ်။
#မြေလတ်အသံ
Share Share Share