သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ဇီးကုန်းတိုက်နယ်၊ ဆူးတပ်ရွာကနေအိမ်တွေကို စစ်ကောင်စီတပ်တွေက မေလ ၁၉ ရက် မနေ့မနက် ၈ နာရီလောက်မှာ ဒုတိယအကြိမ်ထပ်မံမီးရှို့ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဆူးတပ်ကျေးရွာထဲကို ခမရ - ၃၆၈ တပ်မှအင်အား ၁၅၀ နီးပါးပါ စစ်အုပ်စုက မနက် ၅ နာရီ ၁၅ မိနစ်လောက်မှာ လက်နက်တွေပစ်ဖောက်ဝင်ရောက်လာပြီး ၁ နာရီကျော်လောက်မှာတော့ အဲဒီရွာကနေအိမ်တွေကို ဝင်ရောက်မွှေနှောက်ကာ မီးရှို့တာတွေပါ လုပ်ဆောင်ခဲ့တာလို့ ကျွန်းလှဒေသခံ ကိုသက်တိုးက ပြောပါတယ်။
“နေအိမ်က ၁၅ လုံးလောက် မီးလောင်သွားတယ်လို့ကြားတယ်။ အခုချိန်ထိ ရွာထဲကို ပြန်မဝင်ရသေးဘူး၊ ဖမ်းဆီးခံရတဲ့ပြည်သူတွေ ရှိလား၊မရှိလားဆိုတာတော့ မကြားသေးဘူး၊ မနေ့ကဆူးတပ်ရွာကို မီးရှို့ပြီးပြန်ထွက်ချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့ပစ်ခတ်မှုတွေဖြစ်သေးတယ်။ ထိခိုက်ကျဆုံးမှုတွေတော့ မသိရဘူး” လို့ ဆိုပါတယ်။