ကန့်ဘလူနယ်က လေးလှရွာကို စစ်ကောင်စီမီးရှို့

ကန့်ဘလူနယ်က လေးလှရွာကို စစ်ကောင်စီမီးရှို့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ လေးလှရွာကို စစ်ကောင်စီတပ်ဖွဲ့က စက်တင်ဘာလ ၆ ရက် ဒီနေ့ မနက် ၈ နာရီကျော်လောက်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံဆီက သိရပါတယ်။

အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ငါတို့ရွာကနေ ၆ မိုင်လောက်ဝေးတဲ့ လေးလှရွာ အပြင်မှာ ညအိပ်စခန်းချခဲ့ပြီး ဒီနေ့မနက်မှာတော့ လက်နက်ကြီးတလုံးပစ်ဖောက်ကာ လေးလှရွာထဲကို ဝင်ရောက်မီးရှို့ခဲ့တာ ဖြစ်ပါတယ်။ 
လေးလှရွာက နေအိမ်တွေကို မီးရှို့ပြီးနောက် မနက် ၉ နာရီကျော်လောက်မှာတော့ အဲဒီရွာနဲ့ ကပ်လျက်ဖြစ်တဲ့ မြိုင်သာယာကျေးရွာထဲကို ထပ်မံဝင်ရောက်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

လေးလှရွာကို အရင်က စစ်ကြောင်းတွေထိုးတာမျိုးတော့ရှိတယ်။ မီးရှို့ခံရတာကတော့ အခုမှ ပထမအကြိမ်ပါ။ လေးလှရွာက ရွာသစ်လေးပါ၊ တည်ထောင်ထားတာ ၇  နှစ်ကျော်လောက်ဘဲ ရှိသေး တယ်  လို့ ကျွန်းလှဒေသခံတဦးက ပြောပါတယ်။

လေးလှကျေးရွာဟာ လွန်ခဲ့တဲ့ ၇ နှစ်ကျော်လောက်ကမှ စတင်တည်ထောင်ခဲ့တဲ့ ကျေးရွာသစ်တခု ဖြစ်တယ်လို့ ဆိုပါတယ်။

လေးလှရွာဟာ အိမ်ခြေ ၆၀ ဝန်းကျင်သာရှိပြီး အခုလက်ရှိအချိန်အထိ စစ်ကောင်စီစစ်ကြောင်းဟာ ရွာနားမှာဘဲ ရှိနေသေးတဲ့အတွက် မီးထဲပါသွားတဲ့ အိမ်ခြေအရေအတွက်ကို မသိရသေးသလို ရွာသားတွေလည်း ရွာနားကို ကပ်လို့မရသေးဘူးလို့ ဆိုပါတယ်။

အခုလိုစစ်အုပ်စုက ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးနေတဲ့အတွက် လေးလှရွာ၊ မြိုင်သာယာရွာ၊ ရေအေးရွာ၊ ဌက်ပျောတိုင်းရွာ အစရှိတဲ့ကျေးရွာကဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။ 

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဟာ စက်တင်ဘာလ ၅ ရက်ကလည်း ကန့်ဘလူမြို့နယ်၊ ဥာဏ်အင်းကျေးရွာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။ 

ဒါ့အပြင် သြဂုတ် ၂၅ ရက်ကလည်း ခင်ဦးနယ်၊ မဒေါင်းလှရွာက နေထွက်လာတဲ့ စစ်အုပ်စုဟာ ကန့်ဘလူခရိုင်၊ ဇီးကုန်းတိုက်နယ်အတွင်း ဆီဆုံရွာက စိတ်ကျန်းမာရေးမကောင်းတဲ့ အသက် (၃၇) နှစ်အရွယ် ကိုနိုင်ဝင်းအောင်နဲ့ ရွာသစ်ကျေးရွာက ဦးမောင်လွင် (၄၉) နှစ်၊ ဦးထွန်းအောင် (၅၄) နှစ်တို့ကို သတ်ဖြတ်သွားခဲ့ပါသေးတယ်။

စာတည်း − လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကန့်ဘလူမြို့ #လေးလှရွာ #စစ်ကောင်စီတပ် #မီးရှို့  #စစ်ရှောင် #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10