ကန့်ဘလူနယ်ထဲက ပြည်သူ ၃ ဦး ဖမ်းခံရပြီး နေအိမ် ၁၅ လုံး မီးရှို့ခံရ

ကန့်ဘလူနယ်ထဲက ပြည်သူ ၃ ဦး ဖမ်းခံရပြီး နေအိမ် ၁၅ လုံး မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပိတောက်ရွာထဲမှာ တညတာ တပ်စွဲခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ ရွာထဲက နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပိတောက်ရွာ နဲ့ ၂ မိုင်နီးပါးဝေးတဲ့ ချပ်ကြီးရွာက ပျူစောထီးတပ်ဖွဲ့တွေဟာ အင်အား ၁၅၀ နီးပါးနဲ့ ပိတောက်ပင်ရွာကို ဖေဖော်ဝါရီလ ၅ ရက် ညနေပိုင်းမှာ စတင်ဝင်ရောက်ခဲ့ပြီး ဖေဖော်ဝါရီ ၆ ရက်ဒီနေ့ မနက်ပိုင်းမှာ ပြန်ထွက်သွားတယ်လို့ ကန့်ဘလူဒေသခံတဦးက ပြောပါတယ်။

"ရွာထဲကနေ ပြန်ထွက်သွားတော့ ဖမ်းဆီးခံရတဲ့ ပြည်သူတွေ ရှိတယ်။ ပိတောက်ပင်ကတော့ မဟုတ်ဘူး။ ဘေးရွာတွေက ၃ ယောက်လောက် ဖမ်းတယ် ကြားတယ်။ ဘယ်သူဘယ်ဝါဆိုတာ အတည်ပြုနေဆဲ" လို့ ဆိုပါတယ်။

အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ ပိတောက်ရွာဟာ ပြီးခဲ့တဲ့နှစ် ၆ လပိုင်းကလည်း နေအိမ် ၉ လုံးမီးရှို့ခံခဲ့ရပြီး အခုတကြိမ်နဲ့ဆို ၂ ကြိမ်ရှိပြီ ဖြစ်တယ်လို့ ဒေသခံတဦးက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ ရွာထဲက ထွက်သွားပေမယ့်လည်း ဒေသခံတွေဟာ ရွာထဲမှာ ပြန်နေထိုင်တာ မရှိသေးဘူးလို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10