ကန့်ဘလူနယ် ယောရွာက ကင်းလှည့်ပျူအဖွဲ့  ခြုံခိုတိုက်ခိုက်ခံရလို့ သေဆုံးမှုရှိဟုဆို

ကန့်ဘလူနယ် ယောရွာက ကင်းလှည့်ပျူအဖွဲ့  ခြုံခိုတိုက်ခိုက်ခံရလို့ သေဆုံးမှုရှိဟုဆို

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်၊ ယောကျေးရွာအပြင်ဘက်ကို ကင်းလှည့်လာတဲ့ ပျူစောထီးတပ်ဖွဲ့ နဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့ အောက်တိုဘာ ၂၁ ရက် ဒီနေ့ မနက် ၉ နာရီခွဲလောက်မှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့  Myanmar Paladin Force U - 18 တပ်ဖွဲ့ဆီက သိရပါတယ်။

အင်အား ၁၀ ယောက်ဝန်းကျင်ရှိတဲ့ ပျူစောထီးတပ်သားတွေဟာ ရွာပြင်ဘက်ကိုကင်းလှည့်လာချိန်  အသင့်စောင့်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး ပျူစောထီးဘက်က ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ရှေ့တင် ၃ ယောက်လဲသွားတာ တွေ့တယ်။ နောက်ဆက်တွဲကတော့ ပြန်လိုက်နေတယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်တာတွေ မရှိဘူး။”လို့ ပစ်ခတ်မှုမှာပါဝင်တဲ့ Myanmar Paladin Force U - 18 တပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။

အဲ့ဒီ ပျူစောထီးတပ်သားတွေကို သွားရောက်ပစ်ခတ်စဉ် ကာကွယ်ရေးတပ်ဖွဲ့တွေက မောင်းပြန် ၄ လက်နဲ့ တထောင့်ထိုး ၃ လက် လူအင်အား ၇ ယောက်နဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ 

ပစ်ခတ်မှုကို Myanmar Paladin Force U - 18 တပ်ဖွဲ့ နဲ့ Kanbalu Underground Warriors အဖွဲ့တို့က သွားရောက် ပစ်ခတ်ခဲ့ကြပါတယ်။

Myanmar Paladin Force U - 18 အဖွဲ့အနေနဲ့ အခုလို ယောကျေးရွာကို သွားရောက်ပစ်ခတ်တာ ၃ ကြိမ်မြောက်ရှိပြီ ဖြစ်တယ်လို့လည်းဆိုပါတယ်။ ယောကျေးရွာထဲမှာ စစ်ကောင်စီတပ်သားတွေဟာ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ကျေးရွာထဲမှာအထိုင်ချထားသလို အဲ့ဒီရွာက ဒေသခံတွေလည်း ပျူစောထီးသင်တန်းတွေ တက်ရောက်ထားကြတယ်လို့လည်း ဆိုပါတယ်။

Myanmar Paladin Force U - 18 တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်ကလည်း ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ရှိ စစ်ဆေးရေးဂိတ်ကို သွားရောက်ပစ်ခတ်ခဲ့ပါသေးတယ်။ ဒါ့အပြင် ဇူလိုင် ၅ ရက်ကလည်း အဆိုပါ ဇီးကုန်းမြို့ ရဲစခန်းရှေ့မှာ ပိုက်ဆံကောက်ခံနေတဲ့ ရဲတပ်ဖွဲ့ကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ ရဲ ၃ ဦးသေဆုံးပြီး အမျိုးသမီး ပြည်သူ ၁ ဦးနဲ့ စခန်းမှူးမိန်းမတဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

ပုံစာ - ဇူလိုင် ၄ ရက်က ကန့်ဘလူမြို့နယ်၊ ချစ်မြစ်ကျင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီများကို သွားရောက်ပစ်ခတ်သည့် MPF U - 18 တပ်ဖွဲ့ဝင်များ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကန့်ဘလူ #ထန်းကုန်း #ယောကျေးရွာ #ပျူစောထီး #ကာကွယ်ရေးတပ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10