ကန့်ဘလူမြို့မှာ မေလအတွင်း စစ်ရှောင် ၈ ဦးမြွေကိုက်ခံရ၊ တနှစ်ကျော်အတွင်း ၆၉ ဦးအထိရှိလာ

ကန့်ဘလူမြို့မှာ မေလအတွင်း စစ်ရှောင် ၈ ဦးမြွေကိုက်ခံရ၊ တနှစ်ကျော်အတွင်း ၆၉ ဦးအထိရှိလာ

စစ်ကိုင်းတိုင်း၊ ကန်ဘလူမြို့နယ်ထဲမှာ ပြီးခဲတဲ့မေလအတွင်း စစ်ရှောင်ပြည်သူ ၈ ဦး မြွေကိုက်ခံရခဲ့ရတယ်လို့ ကျွန်းလှတက်ကြွလူပ်ရှားသူများအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၁ ရက်ကနေ ၂၅ ရက်အတွင်း မြွေကိုက်ခံရတာဖြစ်ပြီး အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၃ ဦး ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

"ဒီလထဲမှာတင်ပဲ ၈ ဦး မြွေကိုက်ခံရတာပါ။ အားလုံးကျန်းမာရေးကောင်းမွန်ပါတယ်။ သူတို့ကို BPI နဲ့ အိန္ဒိယ မြွေဆိပ်ဖြေဆေးထိုးပြီးကုသပေးခဲ့ပါတယ်။ စုစုပေါင်း တနှစ်ကျော်အတွင်းမြွေကိုက်ခံရသူ ၆၉ ဦးရှိပါပြီ" လို့ ကျွန်းလှတက်ကြွလူပ်ရှားသူများအဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

ကန့်ဘလူမြို့နယ်မှာ ပြီးခဲ့သည့်နှစ် ဇွန်လ ၂ ရက်ကနေ ဒီနေ့အထိ စစ်ရှောင်ပြည်သူထဲက ၆၉ ဦးမြွေကိုက်ခံခဲ့ရ ကာ အဲဒီအထဲက အသက် ၈ နှစ်နဲ့ ၉ နှစ်အရွယ် ကလေး ၂ ဦးအပါ  ၆ ဦးသေဆုံးခဲ့ရပါတယ်။

မြွေကိုက်ခံရသူအားလုံးကိုအမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ မြို့နယ်ကျန်းမာရေးဌာက ကုသပေးခဲ့တာလို့ သိရပါတယ်။

အခုရရှိတဲ့ မြွေကိုက်ခံရသူစာရင်းဟာ လက်လှမ်းမီသလောက်ပြုစုထားတာဖြစ်ပြီး မြေပြင်မှာ ဒီထက်ပိုများပြားနိုင်တယ်လို့လည်း ကန့်ဘလူမြို့နယ်တက်ကြွလှုပ်ရှားသူများအဖွဲ့ကဆိုပါတယ်။

မြွေကိုက်ခံရသူအများစုဟာ မြွေပွေးကိုက်ခံရတာဖြစ်ပြီး မြွေဟောက်ကိုက်ခံရသူ အနည်းငယ်သာရှိကာ အားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံမြို့နယ်ကျန်းမာရေးဌာက ကုသပေးခဲ့တာလို့ သိရပါတယ်။

 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ကန့်ဘလူ  #မြွေကိုက် #စစ်ရှောင်ပြည်သူ #ကျွန်းလှတက်ကြွလူပ်ရှားသူများ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10