ကန့်ဘလူမှာ စစ်ရှောင် ၁၂ ဦးအပါ ၆၀ ကျော်ကို စစ်တပ်ကဖမ်းဆီး

ကန့်ဘလူမှာ စစ်ရှောင် ၁၂ ဦးအပါ ၆၀ ကျော်ကို စစ်တပ်ကဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက စစ်ရှောင်ပြည်သူ ၁၂ ဦးအပါ ဒေသခံပြည်သူ ၆၀ ကျော်ကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားတယ်လို့ ကျွန်းလှတက်ကြွလူပ်ရှာသူများအဖွဲ့ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

 

ဇူလိူင် ၄ ရက်မနက် ၁၁ နာရီလောက်မှာ ပင့်သာတိုက်နယ်၊ အင်းမရွာက စစ်ရှောင်ပြည်သူ ၁၂ ဦးကို ဖမ်းဆီးပြီး ဇူလိုင် ၅ ရက် မနေ့ မနက် ၈ နာရီမှာတော့ မိဿလင်ကုန်းရွာက ဒေသခံပြည်သူ ၅၀ ဦးကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

 

"လက်ရှိအချိန်အထိ ဖမ်းထားတဲ့စစ်ရှောင် ၁၂ ဦးထဲက အမျိုးသမီး ၄ ဦးနဲ့ ကလေးငယ် ၃ ဦးကိုတော့ ပြန်လွှတ်ပေးတယ်။ ဘယ်အချိန်လွှတ်တာလည်းတော့ မသိရဘူး။ အမျိုးသား ၅ ဦးကတော့ ပြန်လွှတ်ပေးမပေးဘူး။ အဲ့လိုပဲ (ဇူလိူင် ၅ ရက်) မနက် ဖမ်းတဲ့ လူ ၅၀ လည်း ပြန်လွှတ်မပေးဘူး" လို့ ကျွန်းလှ - ကန့်ဘလူတက်ကြွလူပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

 

ပြန်မလွှတ်ဘဲ ဖမ်းဆီးထားတဲ့ပြည်သူတွေကို စစ်ကောင်စီတပ်သားတွေက ရိုက်နှက်တာမျိုးတွေ ပြုလုပ်နေတယ်ဆိုတဲ့ သတင်းတွေလည်းပြန်ကြားရတယ်လို့ သူကဆက်ပြောပါတယ်။

 

မိဿလင်ရွာကပြည်သူ ၅၀ ဦးကို ရွာထဲကနေ ခမရ ၃၆၃ လက်အောက်ခံ စစ်ကြောင်းက ကိုးတောင်ဘို့တိုက်နယ်ရှိ စစ်ကောင်စီယာယီစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး အင်းမရွာက စစ်ရှောင်ပြည်သူ ၁၂ ဦးကိုတော့ ခမရ ၃၆၁ က စစ်သားနဲ့ပျူစောထီးအပါ အင်အား ၁၀၀ လောက်က ကျွန်းလှမြို့ကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

 

စစ်ရှောင် ၁၂ ဦးဟာ စစ်ရှောင်တဲအနီး သီးနှံစိုက်ပျိုးဖို့ ထယ်ထိုးမြေပြင်နေချိန် ဖမ်းဆီးခံလိုက်ရတာလို့ ပြောပါတယ်။

 

ကန့်ဘလူမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဒေသခံပြည်သူတွေကို ဖမ်းဆီးတာအပြင် နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးတာတွေရှိလို့ ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာပါ။ 

 

စစ်ရှောင်အများစုက နီးစပ်ရာတောတွင်း၊ တောစပ်တွေမှာပါ တိမ်းရှောင်နေရတာကြောင့်  မြေအန္တရာယ်ကိုလည်း ရင်ဆိုင်နေရပြီး လက်ရှိအချိန်ထိ စစ်ရှောင်ပြည်သူ ၇၀ ဦးကျော် မြွေကိုက်ခံရကာ အသက် ၁၀ နှစ်အောက်ကလေးငယ် ၂ ဦးအပါအဝင် ၆ ဦး မြေကိုက်တဲ့ဒဏ်နဲ့ သေဆုံးခဲ့ရပါတယ်။

 

စာတည်း - လင်း

 

#မြေခတ်အသံ

#စစ်ကိုင်း #ကန့်ဘလူ #စစ်ရှောင် #ဒေသခံ #စစ်ကောင်စီ #ဖမ်းဆီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10