ကန့်ဘလူမှာ စစ်အုပ်စုတိုက်ခိုက်ခံရလို့ သေဆုံးမှုများပြီး လက်နက်တွေပါသိမ်းနိုင်ခဲ့

ကန့်ဘလူမှာ စစ်အုပ်စုတိုက်ခိုက်ခံရလို့ သေဆုံးမှုများပြီး လက်နက်တွေပါသိမ်းနိုင်ခဲ့

စစ်ကိုင်တိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်ကို နိုဝင်ဘာလ ၁၀ ရက် ဒီမနက် ၉ နာရီလောက်မှာ ဒေသခံကာကွယ်ရေးတပ်တွေ တိုက်ခိုက်ရာ စစ်အုပ်စုဘက်က သေဆုံးမှုများပြီး လက်နက်တွေလည်း အများအပြားသိမ်းဆည်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က  ထုတ်ပြန်ထားပါတယ်။ 

တိုက်ခိုက်မှုကြောင့် စစ်အုပ်စုဘက် ၈၀ ဦးခန့်သေဆုံးပြီး ၂၀ ဦးဒဏ်ရာရရှိကာ အမျိုးအစားစုံ လက်နက် ၅၉ လက်နဲ့ ခဲယမ်းမီးကျောက်မျိုးစုံ သိမ်းဆည်းရမိတယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ကနေ ကောလင်းမြို့ဘက်ကို စစ်ကြောင်းထိုးဖို့ ထွက်လာတဲ့  အင်အား ၂၀၀ ဝန်းကျင်ပါ စစ်အုပ်စုကို အလယ်ခုံကျေးရွာအနောက်မြောက်ဘက်အနီးကနေ ကာကွယ်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ကြတာပါ။ 

"စကစဘက်က အများအပြားသေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာ မှန်ပါတယ်"လို့ ကန့်ဘလူမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက အတည်ပြုပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို  ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ် ၁ စစ်ဒေသ ကွပ်ကဲမှုနဲ့ ကန့်ဘလူခရိုင် အမှတ် ၂ တပ်ရင်း၊ ခရိုင် ပကဖ လှုပ်ရှားရေးအဖွဲ့နဲ့ မြို့နယ် နယ်မြေခံ ပကဖအဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပုံစာ - သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကန့်ဘလူ #စစ်ကောင်စီ #တိုက်ခိုက် #လက်နက်သိမ်းဆည်းမိ #သေဆုံးမှုများ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10