ကန်နီရွာစစ်စခန်းက စစ်ကောင်စီတပ်သား ၁ ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာ

ကန်နီရွာစစ်စခန်းက စစ်ကောင်စီတပ်သား ၁ ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ကန်နီရွာရှိစစ်ကောင်စီစခန်းမှ  စစ်ကောင်စီတပ်သား ၁ ဦး အောက်တိုဘာ ၁၂ ရက် နေ့လယ်ပိုင်းက  လက်နက်နဲ့အလင်းဝင်ရောက်လာတယ်လို့ M.P.L People's Defense Force မြောက်ပိုင်းဇုန်ပကဖ (မြိုင်) အဖွဲ့ထံကသိရပါတယ်။

အလင်းဝင်ရောက်လာသူဟာ တပ်မ ၁၀၁ လက်အောက်ခံ ပခုက္ကူအခြေစိုက် ခလရ ၂၅၂ တပ်ရင်းက စစ်မှုထမ်းသက် ၁၀ နှစ်ကျော်ရှိ တပ်သားဝေဖြိုးအောင် ဖြစ်ပြီး ပျူစောထီးအားကောင်းတဲ့ကန်နီရွာရှိ စစ်ကောင်စီစခန်းမှာ ရောက်ရှိနေသူဖြစ်တယ်လို့ ဆိုပါတယ်။

" အလင်းဝင်တဲ့သူက အရင်တည်းကအလင်းဝင်ချင်နေတာ။ ဖုန်းတွေကို စစ်ဗိုလ်ကသိမ်းတော့ ချိတ်မရဘူးဖြစ်နေတာ။ အဲ့နေ့ကတော့ အရဲစွန့်ပြီး ကျနော့်ဆီကိုပြေးလာတာပဲ " လို့ M.P.L People's Defense Force မြောက်ပိုင်းဇုန် ပကဖ(မြိုင်)အဖွဲ့တာဝန်ခံအဂ္ဂက မြေလတ်အသံကို ပြောပါတယ်။

 အဆိုပါအလင်းဝင်စစ်သားဟာ ၄င်းနဲ့အတူ MA 3 သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ခု၊ ၅.၅၆ မမ ကျည် ၂၂၈ တောင့်နဲ့အတူ အလင်းဝင်ရောက်လာတာ ဖြစ်ပါတယ်။

အိမ်ခြေ ၇၀၀ ကျော်ရှိ ကန်နီရွာဟာ စစ်ကောင်စီတပ်သား၊​ ရဲအင်အား  ၁၅ ဦးခန့်နဲ့ အထိုင်ချနေတဲ့ ပျူစောထီးအားကောင်းတဲ့ရွာဖြစ်ကာ အဆိုပါရွာစစ်စခန်းကို အောက်တိုဘာ ၇ ရက်ကစတင်ကာ တော်လှန်ရေးပူပေါင်းအဖွဲ့တွေက ဒရုန်းနဲ့ဗုံးသီးချတာ၊ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တာတွေကို လုပ်ဆောင်နေတာဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်မှုတွေအတွင်းမှာပဲ အလင်းဝင်ရောက်လာတာလို့ ဆိုပါတယ်။

အလင်းဝင်စစ်သားကို မြိုင်မြို့နယ်ပကဖထံ လွှဲပြောင်းပေးထားပြီး မြို့နယ်အဆင့်က ဂုဏ်ပြုငွေပေးအပ်ဖို့ စီစဥ်ဆောင်ရွက်နေကာ စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲနဲ့ပျူစောထီးတွေအနေနဲ့ ပြည်သူ့ရင်ခွင်ကို အလင်းဝင်ရောက်ခိုလှုံကြဖို့ M.P.L People's Defense Force မြောက်ပိုင်းဇုန်ပကဖ (မြိုင်) အဖွဲ့ တိုက်တွန်းထားပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #ကန်နီ #အလင်းဝင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10