ကန်နီရွာမှာတပ်စွဲထားတဲ့ ပျူစောထီးတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပြီး ပျူစောထီး ၁ ဦးသေ

မြိုင်မြို့နယ်၊ ကန်နီရွာမှာတပ်စွဲထားတဲ့ ပျူစောထီးတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ သြဂုတ် ၁ ရက်က တိုက်ပွဲဖြစ်ပြီး ပျူစောထီး ၁ ဦးသေဆုံးခဲ့တယ်လို့ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ - MRG ဆီကသိရပါတယ်။  

ဒေသကာကွယ်‌ရေးပူးပေါင်းတပ်ဖွဲ့ ၉ ဖွဲ့က ကန်နီရွာကို လက်နက်ကြီးတွေနဲ့ ၂ ကြိမ်ပစ်ခတ်ခဲ့ပြီးနောက် ရှေ့ပြေးကင်းထွက်လာတဲ့ ပျူစောထီးတွေကို ဒရုန်းကနေတဆင့်ထောက်လှမ်းမိရာမှ ၁၅ မိနစ်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ MRG တပ်ဖွဲ့ဝင် ကိုပေါင်မုန့်က ဆိုပါတယ်။   

“သူတို့က ကျနော်တို့ဘက်ကို ကျွံလာတာ။ အင်အား ၃၀ လောက်နဲ့ ထွက်လာတာ။ အဲ့ဒီထဲမှာမှ ရှေ့ပြေးကင်းအနေနဲ့ လေးငါးယောက်လောက်ထွက်လာတော့ ကျနော်တို့ဘက်ကလည်း ကင်းအချင်းချင်းတွေ့တာဆိုတော့ ပစ်ခတ်ကြတာပါ။” လို့ သူက ပြောပါတယ်။

အဲ့ဒီပစ်ခတ်မှုမှာ သေဆုံးသွားတဲ့ ပျူစောထီး အလောင်းတလောင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက မြေမြှုပ်သင်္ဂြိုဟ်ပေးလိုက်တယ်လို့လည်း သူကဆက်ပြောပါတယ်။

တည်းဖြတ် - ဟယ်ရီ

#မြေလတ်အသံ

#သတင်း #ရုပ်သံ #မြိုင် #ကန်နီ #ပျူစောထီး #MRG #တိုက်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10