သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ဆိပ်ဖြူမြို့ပေါ်ကနေ ရွှေဘိုးကျွန်းရွာအခြေစိုက် အမှတ် ၂၂ ကာကွယ်ရေးပစ္စည်းစက်ရုံ( ကပစ ၂၂ )ကို ထွက်လာတဲ့ စစ်ကောင်စီတပ်ဖောကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးတယ်လို့ ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
ဆိပ်ဖြူကနေထွက်လာတဲ အဲ့ဒီကား ၂စီးကို ဇန်နဝါရီ ၂၁ ရက် ညနေ ၃ နာရီခန့်မှာ ဆော-ဆိပ်ဖြူ လမ်းပိုင်း ကူရှည်ကျေးရွာအနောက်ဘက် သပိတ်တပင်လမ်းခွဲအရောက်မှာ ၅ ဂါလံပုံးဝါ လက်လုပ်မိုင်း ၄ လုံးနဲ့ တိုက်ခိုက်ခဲ့ရာ ၂ စီးမြောက်ကားကို ထိမှန်တယ်လို့ ဆိုပါတယ်။
“အနောက်ကား ၁ စီးကို ထိသွားပြီး စစ်***တွေ ကားပေါ်ကနေ ပြုတ်ကြတာကို ကျနော်တို့ မြင်လိုက်ရတယ်။ ၃ ဦးသေဆုံးကြောင်း တပ်တွင်းသတင်း ပေးတွေဆီကနေ သိရတယ်”လို့ ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။
မိုင်းဆွဲခံရပြီးနောက် စစ်ကား ၂ စီးဟာ အဲ့ဒီ့နေရာမှာတင်ရပ်တန့်သွားပြီး လမ်းနံဘေးရှိ လယ်စောင့်တဲ ၁ လုံးကို ကားပေါ်ပါစစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့ကာ ညနေ ၄ နာရီလောက်မှာ ဖောကား ၂ စီးကို ကရိန်းကားနဲ့ သယ်သွားတယ်လို့ သူက ဆက်ပြောပါတယ်။
ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်ကလည်း ကပစ ၂၂ ကိုထွက်လာတဲ့ စစ်ကား ၂ စီးကို ချစ်ချောင်းရေကျော်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး စစ်ကား ၁ စီးက ကားအမိုးပြုတ်တဲ့အထိ ပျက်စီးခဲ့ပါတယ်။
စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ
#ဆိပ်ဖြူ #ကပစ၂၂ #စစ်တပ်ဖောကား #မိုင်းဆွဲခံရ #၃ဦးသေဆုံး #PDF #တိုက်ခိုက်မှု
Share Share Share