ကပစ ၂၄ က တပ်ကြပ်ကြီးတဦး လက်နက်နဲ့အတူ အလင်းဝင်

ကပစ ၂၄ က တပ်ကြပ်ကြီးတဦး လက်နက်နဲ့အတူ အလင်းဝင်

မကွေးတိုင်း၊ ပေါက်မြို့နယ်အခြေစိုက် ကပစ ၂၄ က တပ်ကြပ်ကြီးတဦး ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကို လက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။ 

တပ်ကြပ်ကြီး ထွန်းထွန်းဆိုသူဟာ နိုဝင်ဘာ ၂၆ ရက် မနေ့က တပ်ဖွဲ့ဆီကို အကြောင်းကြားပြီး အလင်းဝင်လာခဲ့တာလို့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ကိုစစ်က မြေလတ်အသံကို ပြောပါတယ်။ 

သူနဲ့အတူ MA-3 မောင်းပြန် ၁ လက်၊ ကျည်ဆံ ၃၀၀၊ ကျည်ဘောက် ၃ ခု၊ လက်ပစ်ဗုံး ၁ လုံးလည်း ပါလာကာ လက်ရှိမှာတော့ သူ့ကိုငွေကျပ် သိန်း ၁၀၀ ချီးမြှင့်ပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင် ပေးထားပြီလို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ 

#မကွေး #ပေါက်မြို့နယ် #ကပစ၂၄ #တပ်ကြပ်ကြီး #အလင်းဝင် #လက်နက်ခဲယမ်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10