ကပစ ၂၄ တပ်က လက်နက်ကြီးနဲ့ပစ်လို့ ၇ နှစ်အရွယ်ကလေးတဦး သေဆုံး

ကပစ ၂၄ တပ်က လက်နက်ကြီးနဲ့ပစ်လို့ ၇ နှစ်အရွယ်ကလေးတဦး သေဆုံး

မကွေးတိုင်း၊ ပေါက်မြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ကပစ ၂၄ လက်နက်စက်ရုံကနေ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ၇ နှစ်အရွယ်ကလေးတဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

သေဆုံးသူဟာ မုန်းတောရွာက ၇ နှစ်အရွယ် မောင်အောင်သူရိယဖြိုး ဖြစ်ပြီး အကိုဖြစ်သူ ၁၀ နှစ်အရွယ် မောင်ထက်သာလွန်မင်းက ဒဏ်ရာရာရှိခဲ့ပါတယ်။ 

ဇန်နဝါရီ ၁၂ ရက် မနေ့က မနက် ၈ နာရီလောက်မှာ အထက်ပါလက်နက်စက်ရုံကနေ ၁၂၀ မမ လက်နက်ကြီး ၃ လုံးပစ်ခတ်ခဲ့ရာ မုန်းတောရွာအနီးဝန်းကျင်ကို ၂ လုံးကျရောက်ပြီး ၁ လုံးက မောင်အောင်သူရိယဖြိုးတို့ နေအိမ်ပေါ် ကျရောက် ပေါက်ကွဲခဲ့တာပါ။ 

“လက်နက်ကြီးက သူတို့အိမ်ပေါ်ကိုကျသွားတာ။ အိမ်လည်း ပျက်စီးသွားတယ်။ ဘာထိတွေ့ပစ်ခတ်မှုမှ မရှိဘဲ ဒီအတိုင်း **တွေက လက်နက်ကြီတွေနဲ့ ပစ်နေတာ”လို့ ပေါက်ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

သေဆုံးသူ မောင်အောင်သူရိယဖြိုးမှာ ခန္ခာကိုယ်အောက်ပိုင်းတခုလုံး ထိခိုက်ဒဏ်ရာတွေရခဲ့ပြီး အကိုဖြစ်သူမှာလည်း ခန္ခာကိုယ်အောက်ပိုင်းကိုပဲ ထိခိုက်ခဲ့ကာ စိုးရိမ်ရတဲ့အနေအထားနဲ့ ဆေးကုသမှုပေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

မုန်းတောရွာဟာ ကပစ ၂၄ လက်နက်စက်ရုံနဲ့ ၁၀ မိုင်လောက်အကွာမှာတည်ရှိတဲ့ ကျေးရွာတရွာဖြစ်ပါတယ်။ 

မကြာခဏဆိုသလို အဆိုပါလက်နက်စက်ရုံကနေ မုန်းတောရွာအပါအဝင် အနီးကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်လေ့ရှိပြီး အခုလို လူထိခိုက်သေဆုံးတာကတော့ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ဆိုပါတယ်။ 

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်အထိ စစ်ကောင်စီတပ်တွေနဲ့ သူတို့ရဲ့လက်ပါးစေတွေကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူစုစုပေါင်း ၄၃၄၁ ဦးရှိပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - AAPP က ထုတ်ပြန်ထားပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပေါက် #စစ်ကောင်စီ #လက်နက်ကြီးထိ #ဒေသခံသေဆုံး #ကလေးသူငယ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10