ကမ္မမြို့ကို ရိက္ခာပို့ဖို့လာတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရ

ကမ္မမြို့ကို ရိက္ခာပို့ဖို့လာတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့ကနေထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်း အောက်တိုဘာ ၂၂ ရက် မနေ့ကမနက် ၈ နာရီခွဲလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ The Red Revolters တပ်ဖွဲ့ဆီက သိရပါတယ်။

အဲ့ဒီကားတွေဟာ ပခုက္ကူ - ကမ္မလမ်းပိုင်းအတိုင်း ကမ္မမြို့ပေါ်ကို ရိက္ခာပို့ဖို့ မောင်းနှင်းလာချိန် ကန်တော်ရွာလယ်အရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက လက်လုပ်မိုင်း ၂ လုံးနဲ့ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ဒုတိယမြောက်ကားကို ထိမှန်ပြီး ကားပေါ်မှာလိုက်ပါလာတဲ့ စစ်ကောင်စီတပ်သားတွေထဲက ၄ ဦးသေဆုံးခဲ့တာလို့ The Red Revolters တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒီသေဆုံးမှုကို တိုက်ခိုက်တဲ့နေရာအနီးရှိ မြေပြင်ကင်းထောက်တွေရဲ့ ပြောပြချက်အရ အတည်ပြုနိုင်ခဲ့တာလို့ ဆိုပါတယ်။ 

စစ်ကောင်စီကားတန်းမှာ ကား အစီး ၂၀ လောက်ပါတယ်လို့သိရပြီး ကာကွယ်ရေးတပ်ဖွဲ့တွေ မိုင်းဆွဲ တိုက်ခိုက်ပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ဟာ လက်နက်တွေနဲ့ ပြန်လည်ပစ်ခတ်တာမျိုးမရှိဘဲ ကား ၁၀ စီးကျော်က ပခုက္ကူဘက်ကိုပြန်လှည့်သွားပြီး ၇ စီးသာ ကမ္မမြို့မရဲစခန်းထဲကို ရောက်သွာတယ်လို့ သိရပါတယ်၊ 

The Red Revolters တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်ကလည်း ကမ္မမြို့ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ဘန်ကာအတွင်းမှ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးသွားပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့လည်း ထုတ်ပြန်ရေးသားထားပါသေးတယ်။

သတင်း - နန်းခမ်း၊

#မကွေး #ပခုက္ကူ #မိုင်းဆွဲ #စစ်ကောင်စီ #ထိခိုက် #သေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10