ကမ်ပိန်းငွေမှကျည် ၁၀၀၀ ဝယ်ယူထားပြီး ထိရောက်တဲ့တိုက်ပွဲတွေ ဆင်နွှဲမယ် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ Myingyan Black Tiger တပ်ဖွဲ့က ကမ်ပိန်းတခုပြုလုပ်ထားရာက ရရှိလာတဲ့ငွေကြေးနဲ့ ကျည်ဆံတွေဝယ်ယူထားပြီး ထိရောက်တဲ့တိုက်ပွဲဆင်နွှဲမယ်လို့ ဆိုပါတယ်။

အညာမှာ မုန်တိုင်းထန်ဖို့ Myingyan Black Tiger ကို မောင်းပြန်ရိုင်ဖယ် ၅ လက်၊ ကျည်ဆန် ၅၀၀၀ ထောက်ကူစို့ ဆိုတဲ့ ကမ်ပိန်းကို အောက်တိုဘာ ၂၂ ရက်ကစတင်ပြုလုပ်ခဲ့ရာ လက်ရှိမှာတော့ ကျည် ၁၀၀၀ ရရှိထားပြီး ၁၀ ရာခိုင်နှုန်းသာ အောင်မြင်သေးပေမယ့် ထိထိရောက်ရောက်အသုံးပြုနိုင်ဖို့ ပြင်ဆင်နေတယ်လို့ MBT တာဝန်ခံ ဗိုလ်မိုက်ခဲက မြေလတ်အသံကို ပြောပါတယ်။

MBT တပ်ဖွဲအနေနဲ့ စစ်ရေးလှုပ်ရှားမှုတွေကို တိုင်း ၃ တိုင်းမှာ ပြုလုပ်နေပြီး တပ်ရင်းဌာနချုပ်လက်အောက်ခံ တပ်ခွဲ ၈ ခုရှိကာ ရရှိထားတဲ့ ကျည်ဆံ ၁၀၀၀ ကို ခွဲဝေပေးထားပြီလို့ ဆိုပါတယ်။

တပ်ဖွဲ့အနေနဲ့ မန္တလေးတိုင်း မြင်းခြံမြို့၊ နွားထိုးကြီးမြို့နဲ့ တောင်သာမြို့နယ်၊ စစ်ကိုင်းတိုင်း ချောင်ဦးမြို့နဲ့ မြောင်မြို့နယ်ဘက်တွေ အပါအဝင် မကွေးတိုင်းအတွင်း ရေစကြို၊ ပခုက္ကူ အစရှိတဲ့မြိုနယ်တွေမှာ စခန်းသိမ်းတိုက်ပွဲတွေ တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ပြုလုပ်ထားတဲ့ အညာမြေမုန်တိုင်းစစ်ဆင်ရေးအတွက် ကမ်ပိန်းသာအောင်မြင်ပါက အညာဒေသရဲ့နေရာတချို့မှာ လွတ်မြောက်နယ်မြေအဖြစ် ရောက်ရှိလိမ့်မယ်လို မျှော်မှန်းထားပြီး ပြည်သူလူထုအနေနဲ့ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။ 

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြေလတ်သတင်း #ရုပ်သံသတင်း #စစ်ကိုင်းတိုင်း #မန္တလေးတိုင်း #မကွေးတိုင်း #MBT #ကမ်ပိန်း #အညောမြေမုန်တိုင်းထန်ဖို့ #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10