ကမ်ပိန်းလည်းမပြည့်မီ အကြွေးလည်းတင်နေတဲ့ ဆောမြို့နယ်က 'ခွပ်ဒေါင်းတပ်ဖွဲ့' (ရုပ်/သံ)

၂၀၂၁ နှစ်အစပိုင်းမှာ နိုင်ငံတဝှမ်း စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဖြစ်နေချိန် မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်က ဒေသခံတွေဟာလည်း စစ်အာဏာသိမ်းမှုကို လက်မခံနိုင်လို့  လမ်းပေါ်ထွက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။ 

ငြိမ်းချမ်းစွာဆန္ဒပြပွဲတွေကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက်ဖြိုခွဲလာတဲ့အခါမှာတော့ ဒီဒေသက မုဆိုးတချို့နဲ့ ဒေသခံလူငယ်တချို့ဟာ တူမီးသေနတ်စွဲကိုင်ကာ ၂၀၂၁ မေ ၁၀ ရက်မှာ ခွပ်ဒေါင်းတပ်ဖွဲ့အဖြစ်စုစည်းပြီး ပြန်လည်ခုခံတိုက်ခိုက်မှု စတင်ခဲ့ပါတယ်။

နောက်တနှစ်အကြာ၂၀၂၂ မေလထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေဝန်ကြီးဌာနရဲ့ အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင်၊ တပ်ရင်း ၃ မှာ ခွပ်ဒေါင်းတပ်ခွဲအဖြစ် ပါဝင်ခဲ့ပါတယ်။ 

သူတို့အဖွဲ့ စတင်ဖွဲ့စည်းချိန်ကနေ အခုချိန်အထိ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပေါင်း ၃၀ ကျော်ထက်မနည်း ရင်ဆိုင်ခဲ့ပြီး  စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ နီးပါးကို သတ်နိုင်ခဲ့တယ်လို့ တပ်စုမှူး ဗိုလ်မုတ်ဆိတ်ကပြောပါတယ်။ 

သူတို့တပ်ရင်းကလည်း ရဲဘော် ၈ ဦးကျဆုံးခဲ့ပြီး၊ ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

ရဲဘော် အင်အား ၁၀၀ နီးပါးရှိတဲ့ သူတို့တပ်ဖွဲ့မှာ ၁ ရက်ကို ဆန် ၂ တင်းနှုန်းကုန်ပြီး ၁ လကို စားသောက်စားရိတ် ကျပ်သိန်း ၅၀ ဝန်းကျင်ကုန်ကျနေပါတယ်။ 

လတ်တလောမှာ  စစ်ကောင်စီတပ်စွဲထားတဲ့ ဆောမြို့ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ တိုက်ခိုက်သိမ်းယူဖို့ လက်နက်အင်အားလိုနေတာကြောင့် ဝါကျွတ်လက်ဆောင် ကျည် ၁,၀၀၀ ကမ်ပိန်းကိုပြုလုပ်နေပါတယ်။ 

ဒီကမ်ပိန်းကာလကို မူလက အောက်တိုဘာ၂၈ ရက်ကနေ  နိုဝင်ဘာ ၁၅ ရက်အထိသတ်မှတ်ပြီး ကျည် ၁၀၀၀ ဝယ်ယူနိုင်တဲ့ ငွေပမာဏရဖို့ ရည်ရွယ်ထားပေမဲ့ သတ်မှတ်ရက်ကုန်ကာနီးအထိ ၃၀ ရာခိုင်နှုန်းသာ ရသေးတာကြောင့် ကမ်ပိန်းကာလကို ဒီဇင်ဘာ ၁၅ ရက်အထိ ထပ်တိုးလိုက်တယ်လို့ ဗိုလ်မုတ်ဆိတ်ကပြောပါတယ်။

ခွပ်ဒေါင်းတပ်ဖွဲ့ဟာ ဒီကန်ပိမ်းပြည့်မီဖို့ ကြိုးစားနေရတဲ့အပြင် ဒီနှစ်အစောပိုင်းက ဝယ်ယူခဲ့တဲ့  မောင်းပြန်သေနတ် ၃ လက်နဲ့ ကျည်ဘောက် ၉ ဘောက်၊ ကျည်အတောင့် ၆၀၀ အတွက် အကြွေးကျန်ငွေ သိန်း ၁၂၀ ကျော် ပေးဖို့ရှိတယ်လို့လည်း တပ်စုမှူးဗိုလ်မုတ်ဆိတ်က ပြောပါတယ်။ 

တည်းဖြတ် - ဟယ်ရီ

#မြေလတ်အသံ

#သတင်း #ရုပ်သံသတင်း #ဆော #ခွပ်ဒေါင်းတပ်ဖွဲ့ #ကမ်ပိန်း #တော်လှန်ရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10