ကလေးတောင်ပိုင်းလမ်းကို စစ်တပ်က ပိတ်ဆို့ထားတာ ၁၀ ရက်ကြာနေပြီး ဒေသခံတွေ သွားလာရေး ခက်ခဲနေ

ကလေးတောင်ပိုင်းလမ်းကို စစ်တပ်က ပိတ်ဆို့ထားတာ ၁၀ ရက်ကြာနေပြီး ဒေသခံတွေ သွားလာရေး ခက်ခဲနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ် အင်တိုင်းကုန်းရပ်ကွက်မှာ အင်အား ၁၀၀ ဝန်းကျင်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့က ကလေးမြို့ပေါ် သွားမဲ့တောင်ပိုင်းလမ်းကို ပိတ်ထားတာဟာ ဒီနေ့နဲ့ဆို ၁၀ ရက်ခန့်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

အခုလို လမ်းပိုင်းကို ပိတ်ထားတဲ့အတွက် ကလေးမြို့ပေါ်ရပ်ကွက် နဲ့ ကျေးရွာဘက်မှာ နေထိုင်ကြတဲ့ ပြည်သူတွေထဲမှာမှ သက်ကြီးရွယ်အို နဲ့  ကလေးသူငယ်တွေဖျားနာတဲ့အခါ ဆေးဝါးကုသမှုတွေ အခက်အခဲဖြစ်လာနိုင်သလို ရေရှည်မှာ စားသောက်ဖို့လည်း အဆင်မပြေဖြစ်လာတယ်လို့ ကလေးဒေသခံတဦးက ပြောပါတယ်။

“ဂိတ်တော့မထိုင်ထားဘူး ဒါပေမဲ့ လမ်းကြားတွေမှာ အကုန်ရှိတယ်။ ရွာသားတွေလည်း မသွားရဲကြဘူး။ တချို့သက်ကြီးရွယ်အိုအတွက်တော့ ပိုဆိုးတာပေါ့။ ကျန်းမာရေးမကောင်းတဲ့အခါကျရင် ဆေးခန်းပြဖို့ လမ်းကြောင်းက မရှိတော့ဘူးလေ” လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ အခုလို လမ်းပိုင်းတွေကို ပိတ်ထားတာဟာ သူတို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေ လာရောက်ပစ်ခတ်မှာကို စိုးရိမ်တဲ့အတွက် လမ်းပိုင်းကို ပိတ်ထားတာဖြစ်နိုင်သလို မြို့ပေါ်ကပြည်သူတွေကိုလည်း ညနေ ၆ နာရီနောက်ပိုင်း အပြင်ထွက်ခွင့်ပိတ်ထားတယ်လို့လည်း ကလေးကာကွယ် ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“မြို့သိမ်းမှာကိုဘဲ သူတို့လန့်လို့ မြို့စပ်တွေမှာကာဗာယူထားတဲ့ သဘောမျိုးလို့ထင်တယ်။ သူတို့ လမ်းတွေကို ပြန်ဖွင့်ပေးအုံးမှာ မဟုတ်ဘူး။ တပ်ထိုင်မဲ့ ပုံစံမျိုးတော့ အခြေနေရှိတယ်။ အခုလိုသူတို့လမ်းပိတ်ထားတော့ ပြည်သူတွေခက်ခဲတာပေါ့။ တချို့အဆင်မပြေတဲ့ ပြည်သူတွေဆို တခြားရွာတွေ မှာ သွားနေရတော့ ပိုဆိုးတောပေါ့” လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကလေးမြို့ပေါ်ရပ်ကွက်က ပြည်သူတွေနဲ့ ကျေးရွာတွေဘက်က ပြန်သူတွေကို မိမိတို့နေအိမ်တွေမှာ ပြန်လည်နေထိုင်ကြဖို့ ပြောဆိုခဲ့ပေမဲ့လည်း ပြည်သူတွေကတော့ ပြန်လည်နေထိုင်တာမျိုးတွေ မရှိဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်ကလည်း ကလေးမြို့ ခလရ-၈၉ တပ်ကုန်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်က ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်လို့ ကလေးမြို့၊ မြို့လှရပ်ကွက်က နေအိမ်တလုံးထဲ ကျရောက်သွားပြီး ထမင်းချက်နေတဲ့ ၂၇ နှစ်အရွယ် မခင်မာစိန် (ခ) မပဲလှော် ထိမှန်သေဆုံးသွားသလို အိမ်နားနီးချင်းဖြစ်တဲ့ ဦးမြဖေ ၅၈ နှစ် နဲ့ ဦးလူမင်း ၆၇ နှစ်တို့လည်း ခြေထောက်ထိမှန်သွားခဲ့ ပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #လမ်းပိုင်းဆက်သွယ်ရေး #ဒေသခံ #စစ်ကိုင်းတိုင်း #ကလေး #ကျန်းမာရေး #လုံခြုံရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10