ကလေးဒေသတော်လှန်ရေးတပ် ဗဟိုလေ့ကျင့်ရေးဌာနက အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကလေးဒေသတော်လှန်ရေးတပ် Kalay Revolution Force (KRF) ဗဟိုလေ့ကျင့်ရေးဌာန၊ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁ သင်တန်းဆင်းပွဲကို ဇွန်လ ဒုတိယအပတ်မှာ ကျင်းပခဲ့ပါတယ်။

KRF တပ်ဖွဲ့ကို ၂၀၂၃ ဒီဇင်ဘာမှာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး သင်တန်းအတွင်း အခြေခံစစ်ရေးပြ၊ လက်နက်ကျွမ်းကျင်မှုတွေအပြင် စစ်သည်တိုင်းတတ်မြောက်ရမယ့် ကိုယ်စီကျွမ်းကျင်မှု၊ စစ်ဗျုဟာ၊ မြေပုံအခြေခံ၊ နိုင်ငံရေးဘာသာရပ်အနေနဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီဆိုင်ရာ ဝါဒ၊ စနစ် အယူအဆသဘောတရားတွေကိုလည်း ထည့်သွင်းသင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် International Humanitarian Law (IHL) ၊ International Human Rights Law (IHRL) ဆိုင်ရာ အခြေခံသိမှတ်ဖွယ်ရာတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားတဲ့ ပြည်သူ့ကာကွယ် ရေးအဖွဲ့ အစည်းများ လိုက်နာရမယ့် စစ်ဘက်ဆိုင်ရာကျင့်ဝတ် (၂၀၂၄) ကိုလည်းထည့်သွင်း သင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။

“ဗဟိုလေ့ကျင့်ရေးဌာနကတော့ KRF ရဲ့ လေ့ကျင့်ရေး၊ သင်တန်းလုပ်ငန်းကိစ္စတွေကို အဓိက တာဝန်ယူဆောင်ရွက်တဲ့ ဌာနဖြစ်တယ်။ အခုသင်တန်းဆင်းပွဲမှာ ပထမဆုံးပြုလုပ်တဲ့ သင်တန်းပါ။ စကစရဲ့ စစ်မှုထမ်းဥပဒေ ထွက်ပေါ်ပြီးနောက် ဆက်သွယ်ဝင်ရောက်လာတဲ့ လူသစ်တွေကိုပေးတဲ့ သင်တန်းဖြစ်ပါတယ်” လို့  Kalay Revolution Force (KRF) မှတာဝန်ခံတဦးက ပြောပါတယ်။

KRF ဟာ ကလေးဒေသတော်လှန်ရေးအစကနဦးကတည်းက တိုက်ပွဲဝင်လာတဲ့ တော်လှန်ရေးရဲဘော်တွေ ပြန်လည်စုဖွဲ့ခဲ့တဲ့ ကလေးအခြေပြုကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်သလို ကလေးဒေသတောင်ပိုင်းမှာ စစ်ရေးလှုပ်ရှားမှုတွေ ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

စာတည်း - လင်းဇေ၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကလေးဒေသတော်လှန်ရေးတပ် #KalayRevolutionForce #KRF #ဗဟိုလေ့ကျင့်ရေးဌာန #အခြေခံစစ်ပညာသင်တန်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10