ကလေးနယ်က စစ်ဘေးရှောင်တွေကို NUG က ကျပ်သိန်း ၅၀၀ ကျော်ထောက်ပံ့

ကလေးနယ်က စစ်ဘေးရှောင်တွေကို NUG က ကျပ်သိန်း ၅၀၀ ကျော်ထောက်ပံ့

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်တောင်ပိုင်း၊ အင်ကျွန်းကျေးရွာက စစ်ဘေးရှောင် အိမ်ထောင်စုတွေကို မေ ၂၀ ရက်မှာ ငွေကျပ်သိန်း ၅၀၀ ကျော် သွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့ ကလေးမြို့နယ်လူသားချင်းစာနာထောက်ထားရေးအဖွဲ့ဆီက သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနက စစ်ရှောင်အိမ်ထောင်စု ၁၃၁ စုအတွက် ၁ အိမ်ထောင်ကို ၄ သိန်းကျပ်နှုန်းနဲ့ စုစုပေါင်းငွေကျပ် ၅၂၄ သိန်း ထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။

"စစ်ရှောင်နေရတာ ၃ နှစ်နီးပါးရှိပြီ။ စားဖို့ကိုအဆင်မပြေလို့ ထောက်ပံ့ရတာပါ။ သူတို့ကတော်လှန်ရေးပြီးမှ အိမ်ပြန်ရမယ့် အခြေအနေရှိပါတယ်" လို့ ကလေးမြို့နယ်လူသားစာနာတာဝန်ခံ ကိုယက္ခက ပြောပါတယ်။

အင်းကျွန်းကျေးရွာကို စစ်ကောင်စီတပ်သားတွေက ၂၀၂၁ သြဂုတ်လထဲမှာ စစ်ကြောင်းထိုးပြီး နေအိမ်တွေမီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၂၀ ကျော်ပျက်စီးခဲ့ပြီး ဒေသခံ ၅ ဦးလည်း အသတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် အင်ကျွန်းကျေးရွာမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက အထိုင်ချတပ်စွဲနေခဲ့တဲ့အတွက် အင်းကျွန်းရွာက ဒေသခံတွေအပြင် လယ်ကြီး၊ ကျောက်ပြုတ်၊ မြောက်စီး၊ မန္တာ၊ လယ်ကြီး စတဲ့ကျေးရွာက ဒေသခံတွေလည်း နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။ 

အင်ကျွန်းကျေးရွာကတိမ်းရှောင်လာသူဦးရေ စုစုပေါင်း ၆၀၀ ကျော်ရှိပြီး အချို့သူတွေကတော့ စစ်ရှောင်စခန်းအနီးမှာရှိတဲ့ ကျေးရွာတွေမှာ နေ့စားလုပ်သားအဖြစ် ကြုံရာကျပန်းအလုပ်တွေကို လုပ်ကိုင်နေရတယ်လို့ ကိုယက္ခ ကပြောပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကလေး #စစ်ရှောင် #မီးဘေးသင့်ပြည်သူ #ထောက်ပံ့ #NUG #လူသားစာနာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10