ကလေးနယ်က စစ်ရှောင်စခန်း ၄ ခုကို ဆန် တင်း ၂၀၀ ကျော်ထောက်ပံ့

ကလေးနယ်က စစ်ရှောင်စခန်း ၄ ခုကို ဆန် တင်း ၂၀၀ ကျော်ထောက်ပံ့

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းက စစ်ရှောင်စခန်း ၄ ခုကို ဒီဇင်ဘာ ၁၈ ရက်နဲ့ ၁၉ ရက်မှာ ဆန် ၂၁၅ တင်း ထောက်ပံ့ခဲ့တယ်လို့ ကလေးမြို့နယ်လူသားချင်းစာနာထောက်ထားရေးအဖွဲ့ဆီက သိရပါတယ်။ 

၁ အိမ်ထောင်ကို ဆန် ၁ တင်းနှုန်းနဲ့ စုစုပေါင်း အိမ်ထောင်စု ၂၁၅ စုကို ထောက်ပံ့ခဲ့တာပါ။ 

"ကျနော်က အလှူရှင်တွေရှာရတယ်။ ပြည်ပကတော့ အလှူငွေပို့ပေးကြတာပေါ့။ အဓိက လိုတဲ့ဆန်တွေ စုဆောင်းဝယ်ပြီးတော့ စစ်ရှောင်စခန်း ၄ ခုကို အရင်ပို့ပေးခဲ့တယ်” လို့ ကလေးမြို့နယ် လူသားချင်း စာနာထောက်ထားရေးအဖွဲ့မှ ဒုတာဝန်ခံကိုသူရိန်က မြေလတ်အသံကိုပြောပါတယ်။

ကလေးနယ်အတွင်း စစ်ရှောင်စခန်း ၁၀ ခုရှိတဲ့အနက် အရေးပေါ် ရိက္ခာလိုအပ်နေတဲ့ ကြံသာ၊ ဟံသာဝတီ၊ အင်ကျွန်း၊ ကျောက်ဆည်စစ်ရှောင်စခန်း ၄ ခုက စစ်ရှောင်တွေကို အရင်ထောက်ပံ့ပေးခဲ့တာဖြစ်ပြီး နောက်ထပ်ရိက္ခာလိုအပ်တဲ့ စစ်ဘေးရှောင်တွေရှိနေတယ် သူကဆက်ပြောပါတယ်။

ကလေးနယ်တောင်ပိုင်းမှာ ရှေရှင်၊ အင်းကျွန်း၊ ကြံသာ၊ မှန်တော၊ အောင်သာယာ၊ ရန်ကြီးအောင်၊ ခုံတိုးမြို့သာ၊ မြောက်စည်း၊ ကျောက်ဆည်၊ နွားချောင်း၊ စကားဝါ၊ သံဖို၊ ဟံသာဝတီ စတဲ့ကျေးရွာပေါင်း ၂၀ ကျော်က ပြည်သူ ၂၀၀၀၀ ကျော် နေရပ်စွန့်ခွာ စစ်ရှောင်နေကြရတာပါ။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကလေး #စစ်ရှောင် #ထောက်ပံ့ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10