ကလေးနယ်တောင်ပိုင်းက စစ်ရှောင်တွေ အနွေးထည်နဲ့ခြုံစောင်တွေ အရေးပေါ်လိုအပ်နေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်တောင်ပိုင်းရှိ စစ်ရှောင်စခန်း ၃ ခုက ပြည်သူတွေဟာ ဆောင်းတွင်းကာလ ဝင်လာပြီဖြစ်တဲ့အတွက် အနွေးထည်နဲ့ ခြုံစောင်တွေ လိုအပ်နေပါတယ်။

အဲ့ဒီစစ်ရှောင်စခန်း ၃ ခုမှာ အိမ်ထောင်စု ၂၀၀ ကျော် စုစုပေါင်းလူဦးရေ ၅၀၀ ကျော်အတွက် အနွေးထည်နဲ့ခြုံစောင်တွေ လိုအပ်နေတာလို့ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

ဒါ့အပြင်ကလေးဒေသက စစ်ရှောင်ပြည်သူတွေအနေနဲ့ ကျန်ရာသီတွေမှာ နှမ်းခါ၊ နှမ်းခုတ်၊ ပေါင်းထိုး၊ မြက်နုတ်တာတွေ လုပ်ကိုင်ရလို့ ပုံမှန်ဝင်ငွေရှိပြီး ဆောင်းရာသီကာလမှာ အဲ့ဒီအလုပ်တွေလုပ်ဖို့မရှိတဲ့အတွက် ပုံမှန်ဝင်ငွေမရှိကြတာကြောင့် အနွေးထည်နဲ့ စောင်၀ယ်ယူဖို့ခက်ခဲနေတာလို့ Lighthouse Group စစ်ရှောင်ကူညီထောက်ပံ့ရေးတာဝန်ခံ ကိုသူရိန် က ပြောပါတယ်။

ဒါ့အပြင် Lighthouse စစ်ရှောင်ကူညီထောက်ပံ့ရေးအနေနဲ့ ကလေးမြို့နယ်တောင်ပိုင်းကစစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး၊ သောက်သုံးရေ၊ စစ်ရှောင်ကလေးငယ်တွေစာသင်ကြားဖို့ သင်ထောက်ကူပစ္စည်းတွေကိုသာ ကူညီထောက်ပံ့ပေးထားနိုင်ပြီး စောင်နဲ့အနွေးထည်တွေ လှူဒါန်းနိုင်ခြင်းမရှိသေးဘူးလို့လည်း ကိုသူရိန်က ပြောပါတယ်။

Lighthouse စစ်ရှောင်ကူညီထောက်ပံ့ရေးအဖွဲ့ဟာ ကလေးတောင်ပိုင်းနဲ့ မြောက်ပိုင်းမှာရှိတဲ့ စစ်ရှောင်စခန်းပေါင်း ၁၂ ခုက စစ်ရှောင်တွေဆီ ပြည်တွင်း ပြည်ပအလှူရှင်တွေရဲ့လှူဒါန်းတာတွေကို လမ်းခရီးဆိုးရွားတဲ့ကြားကနေ သွားရောက်ထောက်ပံ့ပေးနေတာလည်းဖြစ်ပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#ကလေး #စစ်ရှောင် #ဆောင်းတွင်း #အနွေးထည် #စောင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10