ကလေးမြို့က စစ်ရှောင် ၂၀၀၀၀ ကျော် ရိက္ခာနဲ့အမိုးအကာ လိုအပ် (ရုပ်/သံ)

ကာလရှည်စစ်ရှောင်နေရသူတွေအတွက် ရိက္ခာနဲ့ အမိုးအကာတွေ လိုအပ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးဌာန၊ ကလေးမြို့နယ် ဒုတာဝန်ခံကိုသူရိန် ကပြောပါတယ်။

သူတို့တွေအတွက် NUG အစိုးရနဲ့ ပြည်တွင်းပြည်ပအလှူရှင်တွေက ထောက်ပံ့ပေးတာရှိပေမယ့် တနိုင်ငံလုံးမှာ စစ်ရှောင်ဦးရေများနေတဲ့အတွက်  လုံလောက်မှုမရှိနိုင်ဘဲ စစ်ရှောင်ဦးရေ ၂၀၀၀၀ ကျော်အတွက် လိုအပ်နေတာလို့ သိရပါတယ်။

လက်ရှိမှာတော့ ကလေးနယ်တောင်ပိုင်းမှာ ရှေရှင်၊ အင်းကျွန်း၊ ကြံသာ၊ မှန်တော၊ အောင်သာယာ၊ ရန်ကြီးအောင်၊ ခုံတိုးမြို့သာ၊ မြောက်စည်း၊ ကျောက်ဆည်၊ နွားချောင်း၊ စကားဝါ၊ သံဖို၊ ဟံသာဝတီ စတဲ့ကျေးရွာပေါင်း ၂၀ ကျော်က ပြည်သူတွေ နေရပ်စွန့်ခွာ စစ်ရှောင်နေရတာလို့ ကိုသူရိန် ကပြောပါတယ်။

ကလေးတောင်ပိုင်းက ကြံသာကျေးရွာကို ၂၀၂၁ ခုနှစ်၊ ဇွန်လအစောပိုင်းက စစ်ကောင်စီကပထမဆုံး မီးရှို့ခဲ့သလို ရေရှင်ရွာတရွာလုံးလည်း မီးရှို့ခံရတဲ့အတွက် အဲ့ဒီတရွာတည်း စစ်ရှောင်နေရတဲ့ လူဦးရေ ၂၀၀၀ ကျော်ရှိတယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီက ရွာတွေထဲမှာ တပ်စွဲထားလို့ ရွာတွေမှာ နေထိုင်မရသူတွေလည်းရှိသလို မတရားဖမ်းဆီးသတ်ဖြတ်တာ အိမ်တွေမီးရှို့ခံရလို့ နေရပ်စွန့်ခွာလာရတဲ့အတွက် စစ်ရှောင်ဦးရေ များလာတာလို့ သိရပါတယ်။

၂ နှစ်ကျော်ကာလရှည် စစ်ရှောင်ပြည်သူတွေဟာ တောထဲမှာပဲ ယာယီတဲထိုးကာ နေထိုင်နေကြရသလို စားသောက်ဖို့အတွက် သီးနှံအနည်းငယ်စိုက်ကာ အနီးအနားက ကျေးရွာတွေမှာပဲ ကြုံရာကျပန်းအလုပ်တွေ လုပ်ကိုင်နေကြရတာပါ။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြေလတ်သတင်း #ရုပ်သံသတင်း #စစ်ကိုင်းတိုင်း #ကလေးမြို့ #စစ်ရှောင် #အရေးပေါ်အကူညီ #စားနပ်ရိက္ခာ #အမိုးအကာ #စစ်ကောင်စီ #နွေဦးတော်လှန်ရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10