ကလေးမြို့နယ်က စစ်ရှောင်တွေ အဆုတ်ရောင်ရောဂါရလို့ သေဆုံးသူတွေရှိ

ကလေးမြို့နယ်က စစ်ရှောင်တွေ အဆုတ်ရောင်ရောဂါရလို့ သေဆုံးသူတွေရှိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က စစ်ဘေးရှောင်တွေမှာ ရာသီအကူးအပြောင်းကြောင့် အဆုတ်ရောင်ရောဂါဖြစ်ပွားပြီး သေဆုံးတာတွေလည်းရှိတယ်လို့ People’s Healthcare Network- Kalay တာဝန်ခံ Dr Joshua ဆီက သိရပါတယ်။

စစ်ရှောင်ဦးရေ ၁၀၀ ဝန်းကျင်မှာ အဆုတ်ရောင်ရောဂါ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီအထဲက ကလေးငယ်တဦးဟာ မတ်လအတွင်း သေဆုံးပြီး အဘိုးအိုတဦးကတော့ ဖေဖေါ်ဝါရီလအတွင်းက သေဆုံးခဲ့တာလို့ ပြောတယ်။

အဘိုးအိုဟာ အနေကြာ စစ်ရှောင်တဦးဖြစ်ပြီး ကလေးငယ်ကတော့ ရုတ်တရက်စစ်ရှောင်လာရသူလို့ ဆိုပါတယ်။

သေဆုံးသူ ၂ ဦးဟာ စစ်ရှောင်နေချိန် စစ်ကြောင်းထိုးလာတာကြောင့် ထပ်မံတိမ်း‌ရှောင်ရင်း ဆေးရုံအရောက်နောက်ကျကာ အစွမ်းကုန်ကုသပေမယ့် သေဆုံးခဲ့တာလို့ Dr Joshua ကပြောပါတယ်။

အဆုတ်ရောင်ရောဂါဟာ အဆုတ်ကိုအအေးပတ်ပြီး အဆုတ်ရောင်ရာက အဆုတ်အတွင်း ပိုးဝင်ကာ အသက်ရှူကြပ်ပြီး မောတာ၊ ချောင်းဆိုးတာနဲ့ အသက်ရှူကြပ်တာတွေ အထိ ပြင်းထန်တတ်တယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ရှောင်တွေဟာ ရာသီဥတုဆိုးဝါးတာ၊ အနေထိုင်ဆင်းရဲတာ၊ အဟာရပြည့်ဝအောင် မစားရတာတွေကြောင့် ရောဂါပိုဖြစ်စေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း အဆုတ်ရောင်ရောင်ရောဂါဖြစ်ပွားနေတဲ့ အသက်အရွယ်ကြီးရင့်သူ ၄ ဦးနဲ့ မွေးကင်းစ ကလေးငယ် ၁ ဦး ဆေးရုံတက်‌ရောက် ကုသနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ 

People’s Healthcare Network-Kalay ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်မှုနဲ့ ဖွင့်လှစ်ထားတာလို့ ပြောပါတယ်။

အဲဒီစစ်ရှောင်တွေဟာ အဆုတ်ရောင်ရောဂါကို ပြီးခဲ့တဲ့ ဇန်နဝါရီလက စကာဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ပုံစာ - People’s Healthcare Network-Kalay ဆေးရုံ(ပုံဟောင်း)။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#ကလေးမြို့ #စစ်ရှောင် #ကျန်းမာရေး #အဆုတ်ရောင်ရောဂါ #ကျန်းမာရေးဝန်ကြီးဌာန

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10