ကလေးမြို့နယ်က သာစည်ရွာကို စစ်တပ်က မီးရှို့

ကလေးမြို့နယ်က သာစည်ရွာကို စစ်တပ်က မီးရှို့

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ဘက်မှာရှိတဲ့ သာစည်ရွာမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ၈ ရက်ကြာ နေထိုင်ပြီးတဲ့နောက် ကျေးရွာက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

အင်အား ၁၀၀ နီးရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ရပ်ကွက် ၆ ရပ်ကွက်ရှိတဲ့ သာစည်ရွာမှာ ဩဂုတ် ၁၁ ရက်ကနေ ဒီနေ့ ၁၈ ရက်အထိ နေထိုင်ပြီးနောက် အခုလို လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးသလို မီးမလောင်ဘဲကျန်ရှိနေတဲ့ နေအိမ်တွေကိုလည်း မြေထိုးစက်နဲ့ ထိုးချဖျက်ဆီးနေတယ်လို့ Wings Of Kalay အဖွဲ့တာဝန်ခံက ပြောပါတယ်။ 

“သာစည်ရွာက ဂန့်ဂေါ - ကလေးလမ်းမကြီးဘေးမှာရှိတာဆိုတော့ လမ်းရဲ့အရှေ့ဘက် အနောက်ဘက်မှာရှိတဲ့ အိမ်တွေအကုန်လုံးကို မီးရှို့တယ်။ ညအိပ်လိုက် မီးရှို့လိုက်နဲ့လုပ်နေတာ အိမ်ခြေ ၂၀ ကျော်လောက်တော့ မီးထဲပါသွားပြီ။ ကျနော်ထင်တာကတော့ သူတို့က အဲ့ဒီလမ်းပိုင်းကို နယ်မြေစိုးမိုးမှုရချင်လို့ အဲ့လိုလုပ်တာလို့တော့ထင်တယ်” လို့ သူကဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့တွေဟာ ညတိုင်းလက်နက်ကြီးတွေနဲ့ အနီးနားကျေးရွာတွေဘက်ကို ပစ်ခတ်နေတဲ့အတွက်ကြောင့် အနီးနားကကျေးရွာတွေဖြစ်တဲ့ သာယာကုန်း၊ ရှားတော၊ သာစည်၊ ထိုမာ၊ ထောက်ကြံ့အစရှိတဲ့ကျေးရွာက ဒေသခံတွေဟာ ဗုံးခိုကျင်းတွေထဲမှာ ပုန်းရှောင်နေရတယ်လို့လည်း သူက ဆက်ပြောပါတယ်။

“ည ၉ နာရီကနေပစ်တာ ည ၁၀ နာရီကျော်လောက်မှ ပြီးတယ် ။ ရွာသားတွေလည်း ညရောက်တာနဲ့ ထမင်းစားပြီး ဗုံးခိုကျင်းတွေထဲမှာ နေတယ်။ သူတို့ လက်နက်တွေရပ်မှ ဗုံးခိုကျင်းကနေ ထွက်လာပြီး သူတို့ အိမ်ပေါ်ပြန်တက်အိပ်ကြတယ်”လို့ Wings Of Kalay အဖွဲ့တာဝန်ခံက ဆိုပါတယ်။

အိမ်ခြေ ၁,၀၀၀ နီးပါးရှိတဲ့ သာစည်ရွာဟာ အခုလို မီးရှို့ခံရတာ ၅ ကြိမ်မြောက်ရှိပြီးဖြစ်ပါတယ်။ သြဂုတ် ၁၅ ရက်ကလည်း သာစည်ရွာအနီးမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ နဲ့ စစ်ကောင်စီတို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့လို့ စစ်ကောင်စီဘက်မှ လေကြောင်းကနေ အကြိမ် ၃၀ ထက်မနည်း ပစ်ကူပေးခဲ့ပါသေးတယ်။

ပုံစာ - သြဂုတ် ၁၇ ရက်မှာ စစ်တပ်ရဲ့ လက်နက်ကြီးကျပြီး ပျက်စီးသွားတဲ့ သာစည်ရွာကနေအိမ်များ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #ကလေးမြို့ #သာစည်ရွာ #စစ်ကောင်စီ #မီးရှို့  #ဗုံးခိုကျင်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10