ကလေးမြို့ပေါ်မှာ သတင်းယူဖို့လာတဲ့ ရဲတပ်သား ၂ ဦးကို PDF က ဖမ်းမိ

ကလေးမြို့ပေါ်မှာ သတင်းယူဖို့လာတဲ့ ရဲတပ်သား ၂ ဦးကို PDF က ဖမ်းမိ

စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကလေးမြို့ပေါ်မှာအထိုင်ချထားတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ် သား ၂ ဦးကို ဇန်နဝါရီ ၁၃ ရက်က ဖမ်းဆီးရမိထားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

ဖမ်းဆီးရမိထားတဲ့ ရဲတပ်သား ၂ ဦးဟာ ကလေးမြို့တက္ကသိုလ်မှာ အထိုင်ချတပ်စွဲထားတဲ့  စစ်အုပ်စုကဖြစ်ပြီး မြို့တွင်းကိုသတင်းယူဖို့ထွက်ခွာလာချိန် စက်မှုလမ်းအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။

“သူတို့က ပြည်သူလိုလို၊ ဘာလိုလိုအရပ်ဝတ်နဲ့ ကျောင်းကနေထွက်လာတာ။ ကျနော်တို့  သတင်းထောက်နေတဲ့အချိန် မသင်္ကာလို့ဖမ်းဆီးလိုက်တော့ ရဲတွေဖြစ်နေတာ ” လို့ ကလေးဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ ရဲတပ်သား ၂ ဦးဟာ အသက် ၂၀ ဝန်းကျင်သာရှိသေးပြီး အဲဒီနေ့မှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ထံ လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါရဲတပ်သား ၂ ဦးကိုဖမ်းဆီးခံလိုက်ရတဲ့နေ့မှာ တက္ကသိုလ်ဝန်းမှာ တပ်စွဲထားတဲ့ စစ်အုပ်စုက အနီးတဝိုက်ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ကာ ဒီကနေ့မနက်ပိုင်းအထိ ပစ်ခတ်တာမျိုးတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ကလေး #စစ်အုပ်စု #ရဲတပ်သား၂ဦး #ဖမ်းဆီးရမိ #စစ်သုံ့ပန်း #သတင်းထောက်လှမ်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10